ပဲခူးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်အတည်ပြုလျှောက်ထားလွှာတင်ပြခဲ့သည့် ကုမ္ပဏီများအား အတည်ပြုမိန့် များပေးအပ်

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှုးရုံး အစည်းအဝေးခန်းမတွင် မေလ(၂၈)ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အတည်ပြုလျှောက်ထား လွှာတင်ပြခဲ့သည့် ကုမ္ပဏီများအား အတည်ပြုမိန့် များပေးအပ်ခဲ့ကြောင်း
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဈေးများ စနစ်တကျ ပြန်လည်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေး
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများဖြစ်သည့် ပွင့်ဖြူမြို့မဈေး ၊ ကုန်းဇောင်း ဈေးနှင့် ရှောက်တောဈေးများရှိ ဈေးရောင်းသူများ အဆင်ပြေစေရေးအတွက် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး လုပ်ငန်း များနှင့်အညီ စနစ်တကျ ပြန်လည်ဖွင့်လှစ်ရောင်းချနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို မေ ၂၉ ရက် ၊ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့ နယ် စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ
ပန်းတနော်မြို့နယ်၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် ပျိုးပင်ပေါင်း၂၉၀ဝ၀ ကျော် အခမဲ့ ဖြန့်ဝေပေးမည်
ဧရာဝတီတိုင်းဒေသကြီး ၊မအူပင်ခရိုင် ၊ပန်းတနော်မြို့နယ် သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး၊ သစ်တောမပြုန်းတီးစေရေးအတွက် ရည်ရွယ်ပြီး လူထုဖြန့်ပျိုးဥယျာဉ်တွင် ကျွန်း၊ ယူကလစ်၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ မအူ၊ကဗွီး အစရှိတဲ့ ပျိုးပင်ပေါင်း၂၉၀ဝ၀ ကျော်ကို ပျိုးထောင်ထား
ရန်ကုန်မြစ်အတွင်း စက်တပ်သမ္ဗန်များ ရေကြောင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပညာပေးဆောင်ရွက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၃)ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲ၊ ရေကြောင်းရဲတပ်ဖွဲ့စု (ရန်ကုန်) မှ ရန်ကုန်မြစ် တွင်းသွား စက်တပ်သမ္ဗန်များ ရေကြောင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို မေ ၂၈ ရက် နံနက် ၁၀ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် သမဝါယမအသင်းလီမိတက်ပိုင် ကမာကဆစ် ကူးတို့ဆိပ်ရှိ ရေယာဉ်ရုံးခန်း၌ ပြုလုပ်ခဲ့
ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်း ရွေ့လျားမော်တော်ယာဉ်ဖြင့် ကျေးရွာအရောက် အသိပညာပေးဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းရွေ့လျား စာကြည့်တိုက် မော်တော်ယာဉ်ဖြင့် မြောင်းမြမြို့နယ် တဲ့တဲ့ကူး ကျေးရွာနှင့် သဘော့ချောင်း ကျေးရွာနေ ကျေးလက်နေ ပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း၊ လက်သန့်ဆေးရည်များ အသုံးပြုပေးခြင်းတို့ကို  ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ပေးခဲ့ကြောင်း သိရ
ထိုင်းနိုင်ငံမှ နေရပ်ပြန်များနှင့်ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများ ပြန်လည် ဝင်ရောက်
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ  ကြောင့် ထိုင်းနိုင်ငံမှ နေရပ်ပြန် မြန်မာ နိုင်ငံသား ၄၇ ဦးနှင့် ပြစ်ဒဏ်စေ့ ၂၈ ဦး၊စုစုပေါင်း ၇၅ ဦးသည် မေ ၂၉ ရက် နံနက်၁၀ နာရီအချိန် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား (၂) မှ ပြန်လည်ဝင်ရောက်ခဲ့
မြန်အောင်မြို့တွင် တည်းခိုခန်းများ ပြန် လည်ဖွင့်လှစ်ရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး သတ်မှတ်စည်းကမ်းချက်များအတိုင်း လိုက်နာမှု ရှိ/မရှိ စစ်ဆေး
မြန်အောင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ လိုင်စင်ထုတ်ပေးထားသည့် တည်းခိုခန်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များကို လိုက်နာဆောင်ရွက်မှု ရှိ/မရှိကို မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင် ဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပါဝင်သော အဖွဲ့ဖြင့် ယမန်နေ့က စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ