ကိုဗစ်-၁၉ ကာလအတွင်း စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ Quarantine ပြုလုပ်ထားသည့် အာမခံအလုပ်သမားများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လူမှုဖူလုံရေးအဖွဲ့မှ မကျန်းမာမှုအကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်း ခွင့်ပြုထုတ်ပေး
စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိရာ လူမှုဖူလုံရေးအဖွဲ့သည် ကိုဗစ်-၁၉ ကာလအတွင်း Quarantine ပြုလုပ်ထားသူ အာမခံအလုပ်သမားများအား အသွားအလာကန့်သတ်၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (Quarantine) ကာလကို မကျန်းမာမှုဆေးခွင့်အဖြစ်သတ်မှတ်၍ လည်းကောင်း၊ အာမခံအလုပ်သမားကိုယ်ဝန် ဆောင်မိခင်များအား တစ်ကြိမ်လျှင် (၈)ပတ်မှ အများဆုံး(၂၆)ပတ်အထိ မကျန်းမာမှုဆေးခွင့်အဖြစ် သတ်မှတ်ပေးကာ ထည့်ဝင်ကြေးလစာ၏ ၆၀ ရာခိုင်နှုန်း အားငွေကြေးအကျိုးခံစားခွင့်အဖြစ် ထုတ်ပေးရန်အတွက် ညွှန်ကြားချက်ထုတ်ပြန်၍ စိစစ်ခွင့်ပြုပေးလျက်ရှိသည်။








