ကျောက်တလုံးကြီးမြို့ နှင့် ပတ်ဝန်းကျင်ရွာများ၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့နှင့် မူကြိုကျောင်း ခေါင်မိုးလန် ပျက်စီး
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ကျောက်တလုံးကြီးမြို့နှင့် ပတ်ဝန်းကျင်ရွာများ၌ လေပြင်းများ တိုက်ခတ်ခဲ့ရာ မေလ ၂၈ ရက်နေ့က နောင်ပစ်ကျေးရွာအုပ်စု၊ ဝင်းယကျေးရွာ ပညာရင်သွေး နေ့ကလေးထိန်းကျောင်းနှင့် တခေါ့မွူးကျေးရွာတွင် လူနေအိမ်လေးလုံး ခေါင်မိုးလန် ပျက်စီးခဲ့ကြောင်း သိရ








