ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မိုးကုတ်မြို့၌လီဆူး စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ နီပေါလ်(ဂေါ်ရခါး)၊ ခိုလုံလီရှော၊ ကိုးကန့်နှင့် မုန်းဝန်းယဉ်ကျေးမှုအဖွဲ့ဝင်များ နှင့်တွေ့ဆုံ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ယနေ့နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ရှိ ရွှေလိပ်ပြာဟိုတယ် အစည်းအဝေးခန်းမ၌ လီဆူး စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်များ၊ နီပေါလ်(ဂေါ်ရခါး)၊ ခိုလုံလီရှော၊ ကိုးကန့်နှင့် မုန်းဝန်းယဉ်ကျေးမှုအဖွဲ့ဝင်များကို အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး လုပ်ငန်းဆောင်ရွက်မှုများ နှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးသည်။
ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် အားကစားသိပ္ပံပညာနှင့် အားကစားဆေးပညာဆိုင်ရာညီလာခံ အောင်မြင်စွာကျင်းပပြုလုပ် နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး တက်ရောက်
အားကစားသိပ္ပံပညာနှင့် အားကစားဆေးပညာဆိုင်ရာ ညီလာခံ အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲတက်ရောက်
ရန်ကုန် တက္ကသိုလ်ရာပြည့်သဘင်၌ ဆရာတိုင်း၊ ကျောင်းသားတိုင်း ကျန်းမာပျော်ရွှင်ရန် အရေးကြီးသည်နှင့်အညီ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဉပက္ခာ တို့ကို လက်ကိုင်ထားလျက် သင်ယူတတ်မြောက်မှု မြင့်မားလာစေရေးအတွက်
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ကျောက်တန်းမြို့နယ်ရှိ (၃၃/၁၁)ကေဗွီ၊ (၅)အမ်ဗွီအေ ကမာကလုတ်/ကရင်ချောင် ဓာတ်အားခွဲရုံ ဖွင့်ပွဲတက်ရောက်
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း မြို့နယ်ရှိ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ကမာကလုတ်/ကရင်ချောင် ဓာတ်အားခွဲရုံ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် အဆိုပါဓာတ်အားခွဲရုံ၌ ကျင်းပသည်။