အရှေ့မြင်အနောက်မြင်တောင် (၇၇၅၂ပေ)ပေါ်သို့ ပဉ္စအကြိမ်မြောက် တောင်တက်ခရီးစဉ်အဖြစ် မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်း တက်ရောက်သွားမည်

ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် လုပ်ပြင်ကျေးရွာအနီးရှိ ပင်လယ်ရေ မျက်နှာပြင် အထက် အမြင့်ပေ ၇၇၅၂ ပေမြင့်သည့် အရှေ့မြင်အနောက်မြင်တောင်ပေါ်သို့   ပဉ္စမအကြိမ်မြောက် တက်ရောက်သော တောင်တက်ခရီးစဉ်အဖြစ် ဇန်နဝါရီ ၁၉ ရက်နေ့တွင် မိတ္ထီလာခြေလျင်နှင့် တောင်တက် အသင်းတက်ရောက်သွားမည်ဖြစ်ကြောင်း သိရ
စေတီအမွန် မြသလွန်အား စိန်ဖူးတော် နှင့် ငှက်မြတ်နားတော်တင်လှူပူဇော်
မကွေးမြို့  ဧရာဝတီမြစ်ကမ်းခြေရှိ မြသလွန်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းများ ကပ်လှူပူဇော်ပြီးဖြစ်၍ အထွဋ်အမြတ်ဖြစ်ရာစေတီဦး၌ ရတနာငှက်မြတ်နားတော်နှင့် စိန်ဖူးတော်အား ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်း၌ ကပ်လှူပူဇော်ကာခဲ့ကြောင်း ဂေါပကအဖွဲ့မှ သိရှိရ
ကန့်ဘလူခရိုင်၌ ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ အစမ်းလေ့ကျင့်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ် ဈေးရောင်းပွဲ ကျင်းပနိုင်ရေးအတွက် ဇန်နဝါရီလ ၇ ရက် နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း တွင် အစမ်းလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့
ပျော်ဘွယ်မြို့နယ်တွင် ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားများ တည်ဆောက်သွားမည်
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ၊ ပျော်ဘွယ်မြို့နယ် ဖွဲသင်းကျေးရွာနှင့် အောင်းကုန်းကျေးရွာတို့၌ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က ကျေးလက်ကုန်ထုတ်လမ်း (၂) လမ်းနှင့် RC Box culvert (၆)စင်း တည်ဆောက်မည်ဖြစ်ကြောင်း သိရ