မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊စဉ့်ကိုင်မြို့နယ်တွင်ဟိုတယ်၊မိုတယ်တည်းခိုခန်းများ စတိုးဆိုင်များ ဖွင့်လှစ်ထားရှိမှုအားကြည့်ရှုစစ်ဆေး         

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအနေဖြင့် ဟိုတယ်၊  မိုတယ်တည်းခိုခန်းများ၊  စတိုးဆိုင်များ၊အရောင်းဆိုင်များ၊စားသောက်ဆိုင်များ၊ ပြန်လည်ဖွင့်လှစ်ခွင့်ပြုရာတွင်   သတ်မှတ်ထားသည့်စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်မှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အဝေးထိန်းစက်ရုပ် မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ် စွမ်းရည်သရုပ်ပြနေမှုကို ကြည့်ရှုစစ်ဆေး
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး မုခ်ဦးရှေ့၌ ယနေ့ နံနက်ပိုင်းက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၏ အဝေးထိန်းစက်ရုပ်မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ် စွမ်းရည် သရုပ်ပြနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြ
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဇွန်လ ၁ ရက်နေ့တွင် စတင် ဆောင်ရွက်မည်
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်အတွင်းရှိ ကလေး သူငယ် များအား ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်း လုပ်ငန်းများကို ဇွန်လ ၁ ရက်နေ့မှ စတင်ထိုးနှံ တိုက်ကျွေး ပေးသွားမည်ဖြစ်ကြောင်း သိရှိရ
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၂ ရွာမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် မေလ ၂၇ ရက်နေ့က မိုးသက်လေပြင်းတိုက်ခတ်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သော လေဘေး သင့်ပြည်သူများထံသို့ ယမန်နေ့ မွန်းလွဲပိုင်းက ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေး ပစ္စည်းများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာနမှ သိရှိရသည်။
စေတုတ္တရာမြို့နယ် တန့်လည်ကျင်းကျေးရွာတွင် စာကြည့်တိုက်တည်ဆောက်
မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် တန့်လည်ကျင်းကျေးရွာတွင် ဒေသခံပြည်သူများ စာပေကဏ္ဍဖွံ့ဖြိုး စေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေနှင့် ပြည်သူ ထည့်ဝင်ငွေများဖြင့်  ကျေးရွာစာကြည့်တိုက် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ၅၀ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရ
နတ်မောက်မြို့နယ်ကလျာဏမိတ္တသန့်ရှင်းရေးကုသိုလ်အဖွဲ့မှ (၇) ကြိမ်မြောက် အဝတ်နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကိုအထောက်အကူဖြစ်စေရန်အတွက် နတ်မောက်မြို့နယ် ကလျာဏမိတ္တ သန့်ရှင်းရေးကုသိုလ်အဖွဲ့မှ (၇)ကြိမ်မြောက် ပါးစပ်နှာခေါင်းစည်း ( Mask) ခုရေ ၂၅၀ အခမဲ့ဖြန့် ဝေခြင်းကို ယနေ့နံနက် (၉)နာရီက သားမျှားကျေးရွာရှိဈေးနှင့်ဘူတာ သို့သွားရောက် ၍ပြည်သူများသို့ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရ
ချီဖွေမြို့နယ်ရှိ အခြေခံပညာကျောင်း (၇၃) ကျောင်းအတွက် ကျောင်းသုံးဗလာစာအုပ် (၂၅၂၁)ဒါဇင် ဖြန့်ဝေပေးခြင်းဆောင်ရွက်
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၇၃) ကျောင်းအတွက် ကျောင်းသုံးဗလာစာအုပ် (၂၅၂၁) ဒါဇင်နှင့် ပုံနှိပ်စာအုပ်များ (၅၂၂၄) အုပ် ထုတ်ဝေ ပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီကစတင်၍ ချီဖွေမြို့နယ် အထကကျောင်း၌ သက်ဆိုင်ရာ ကျောင်းအုပ်တာဝန်ခံများထံ ထုတ်ဝေပေးလျက်ရှိကြောင်း သိရသည်။