နှာခေါင်းစည်း အခမဲ့ အသုံးပြုနိုင်ရေး ကျောက်မြောင်းမြို့ လမ်းဆုံတွင် Mask Box များ ထားရှိ
စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မြောင်းမြို့အတွင်းရှိ ပြည်သူများ နှာခေါင်းစည်းများ သုံးစွဲရာတွင် ငွေကြေး အခက်အခဲ မဖြစ်ပေါ်စေရေးအတွက် မြို့နယ် လမ်းဆုံတွင် နှာခေါင်းစည်းများ ထည့်ထားသည့် Mask Box သုံးခု ထားရှိထားကြောင်း ကျောက်မြောင်းမြို့ စည်ပင်သာယာရေး ကော်မတီ အမှုဆောင်အရာရှိ ဦးသန့်သူအောင် က ပြောသည်။






