ပျော်ဘွယ်မြို့နယ်တွင် လယ်ယာထွန်ယက်ရန် အခက်အခဲရှိနေသော တောင်သူများအား စက်မှုလယ်ယာ ဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးလျှက်ရှိ

ပျော်ဘွယ်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် မိုးသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေး မြေယာပြုပြင် ထွန်ယက်ရန်အတွက် ပြင်ပပုဂ္ဂလိက စက်များအားငှားရမ်းထွန်ရက်ရာတွင် အခက်အခဲ ဖြစ်နေသော တောင်သူများအား မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဌာနပိုင်ထွန်စက်ကြီးများဖြင့် ရွှေ့လျား ရှေ့တန်းစခန်းဖွင့်၍ ထွန်ယက်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ကူညီဆောင်ရွက်ပေးလျှက် ရှိ
တိုက်ကြီးမြို့နယ် တွင် Fever Clinic ဖျားနာလူနာများ(အခမဲ့)ကုသမှုဆေးခန်း စတင်ဖွင့်လှစ်
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ရန်ကုန်-ပြည် လမ်း အိုးတန်း ရပ်ကွက် မြို့နယ်သာသနာ့ဗိမာန်တော်တွင် ယနေ့ နံနက် ၈ နာရီအချိန်က လတ်တလော ဖြစ်ပွား လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဖျားနာလူနာများ (အခမဲ့) ကုသမှု ဆေးခန်း Fever Clinic ကို စတင်ဖွင့်လှစ်ခဲ့
ဂန့်ဂေါမြို့နယ်အတွင်း  စားသောက်ဆိုင်များ  ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆွေးနွေး
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်- ၁၉ ရောဂါဖြစ်ပွါးမှုကြောင့် ဂန့်ဂေါမြို့နယ်အတွင်း ခေတ္တ ပိတ်ထားရသည့် စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရောင်းချနိုင်ရေး မေ ၂၄ ရက်က  သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးကြရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးက အမှာစကား ပြောကြားပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဉာဏ်ဦးက သတ်မှတ်စည်းကမ်းများကို ရှင်းလင်း ပြောကြား
နမ့်ဆန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးစိုက်တောင်သူများအား စပါးမျိုးစေ့ အခမဲ့ထောက်ပံ့ပေး
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ နမ့်ဆန်ဒေသရှိ စပါးစိုက်တောင်သူများအား ယမန်နေ့နံနက် (၁၀)နာရီက စပါးမျိုးစေ့များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရ
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အဝေးထိန်းစက်ရုပ်မီးသတ်ယာဉ် သရုပ်ပြသမှုအား ကြည့်ရှုစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းဒေသကြီးလုံခြုံရေးနှင့်  နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့သည် ယနေ့ နံနက်(၉)နာရီခွဲက မုံရွာမြို့ ကန်သာယာ ကျောက်တိုင်ကွင်း၌ ကျင်းပပြုလုပ်သော  အဝေးထိန်းစက်ရုပ်မီးသတ်ယာဉ် သရုပ်ပြသမှုအား တက်ရောက် ကြည့်ရှုစစ်ဆေးခဲ့
အင်းစိန်မြို့နယ်၊ ရွာအနောက်ရပ်ကွက်၌ We Love Yangon မှ လူ(၁၀ဝ)စာ အခြေခံ စားသောက်ကုန်များ လှူဒါန်း
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် Semi Lockdown ဖြေလျှော့ခြင်း မရှိသေးသည့်အတွက် စားရေးသောက်ရေး အဆင်ပြေစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်၊ရွာအနောက်ရပ်ကွက်၌ We Love Yangon မှ ဆန်၊ဆီ၊ဆား၊ ငရုပ်၊ ကြက်သွန်၊ ကြက်ဉ၊ ကော်ဖီ၊ ကွေကာအုပ်စသည့် လူ(၁၀ဝ)စာ အခြေခံစားသောက်ကုန်များ လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က လှူဒါန်းခဲ့
ခင်ဦးမြို့နယ် ရွှေပေါ်ကျွန်းကျေးရွာတွင် စက်ရေတွင်းမှ သန့်ရှင်းသော သောက်သုံးရေရရှိသဖြင့် ဂါလန် (၁၀ဝ၀) ဆံ့ ရေကန်တည်ဆောက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ရွှေပေါ်ကျွန်းကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက သန့်ရှင်းသောသောက်သုံးရေရရှိရန် စက်ရေတွင်း တူးဖော်ပေးခဲ့ရာ ရေရပြီ ဖြစ်သဖြင့် ဂါလန် (၁၀ဝ၀) ဆံ့ ရေကန်နှင့် ရေစက်ရုံ တည်ဆောက်နိုင်ရန်အတွက် မေလ ၂၄ ရက်နေ့က ပန္နက်တင်မင်္ဂလာကို  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူး ဦးညီညီဦးနှင့် ကျေးရွာရေရရှိရေး ကော်မတီတို့က ဆောင်ရွက်ကြ