ဒလမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ပေးဝေ
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်စေရေးအတွက် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီက အံ့ကြီးအနောက်ရပ်ကွက်ဈေးရှိ ဈေးရောင်း၊ ဈေးဝယ်သူများနှင့် ခရီးသွားလာ မိဘပြည်သူများကို အသိပညာပေးလုပ်ငန်းများနှင့် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေလှူဒါန်းခဲ့ကြသည်။








