ပြည်ထာင်စုဝန်ကြီး ဦးဟန်ဇော် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတားနှင့် ကျေးလက်လမ်း/ တံတား ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှု အခြေအနေတို့ကို Video Conferencing ဖြင့် ကြည့်ရှုစစ်ဆေး
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထာင်စုဝန်ကြီး ဦးဟန်ဇော် ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ လမ်း၊ တံတားနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များသည် ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမဆောင်မှ Video Conferencing ဖြင့်ချိတ်ဆက်၍ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ လမ်း၊ တံတားနှင့် ကျေးလက် လမ်း/တံတား ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက် နေမှုနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက် များမှာကြားသည်။








