ညောင်ရွှေမြို့နယ် ပန်းတင်ရွာ၊ ကျောင်းနားကျေးရွာနှင့် ဟဲရာရွာမ ကျေးရွာများရှိ အခြေခံပြည်သူများအား စားနပ်ရိက္ခာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပစ္စည်းများ ပေးအပ်လှူဒါန်း

ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ကမ္ဘောဇဘဏ်လိမိတက် နာယကနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ် လက်မောင်းကွေးကျေးရွာအုပ်စု ပန်းတင်ရွာ၊ ကျောင်းနားကျေးရွာနှင့် ဟဲရာရွာမကျေးရွာများသို့ သွားရောက်၍ ကျေးရွာနေ အခြေခံပြည်သူများအား စားနပ်ရိက္ခာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် ချပ်သင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် ချပ်သင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောရှိ ရွှေမြေပဒေသာဧည့်ရိပ်သာတွင် မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် မြန်မာ့ရွှေသမင်များ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ထားရှိမှုနှင့် စပ်လျဉ်း၍ အစည်းအဝေးကို မေ ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲက ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကန့်ဘလူခရိုင်၊ ကသာခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီများ၊ ဌာနဆိုင်ရာများ တက်ရောက်ကြကြောင်း သိရသည်။
မြိတ်မြို့၌ ပြည်သူများ နေ့စဉ်ဖြတ်သန်းသွားလာလျက်ရှိသော ကလွင်ကျေးရွာရှိ အေးရိပ်ချောင် ကတ္တရာလမ်းအား AC လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ပြည်သူများ နေ့စဉ်ဖြတ်သန်းသွားလာလျက်ရှိသော ကလွင်ကျေးရွာရှိ အေးရိပ်ချောင် ကတ္တရာလမ်းအား AC နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ကျပ် (၃၉၄) သန်းဖြင့် မြိတ်မြို့နယ် လမ်းဦးစီးဌာနမှ မေ ၂၃ ရက်မှ စတင်ကာ ဆောင်ရွက်လျက်ရှိသည်။
ကျွန်းစုမြို့တွင် စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ အစည်းအဝေး ကျင်းပ

ထိုင်းနိုင်ငံမှပြန်လာသူများအား တစ်ကိုယ်ရေသုံးပစ္စည်းများ ထောက်ပံ့

သထုံတွင် ကွပ်လပ်လေးတွေဖြည့် အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန် လေးမျိုးကို ဆင်းရဲနွမ်းပါး အိမ်ထောင်စု ၁၁၀၀၀ ကျော်ထံ အခမဲ့လိုက်လံထောက်ပံ့ခဲ့
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကွပ်လပ်လေးတွေဖြည့် အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန် လေးမျိုးကို ဆင်းရဲနွမ်းပါး အိမ်ထောင်စုပေါင်း ၁၁၀၀၀ ကျော်ထံ အခမဲ့ လိုက်လံထောက်ပံ ပေးအပ်နိုင်ခဲ့‌ကြောင်း ...........
မင်္ဂလာဒုံမြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာ လိုက်နာရမည့် အချက်များ အသိပညာပေး