ကွတ်ခိုင်မြို့နယ်၌ ပြည်သူများ (Home Garden) စိုက်ပျိုးနိုင်ရန်အတွက် ဟင်းသီး၊ ဟင်းရွက် မျိုးစေ့ (၁၀) မျိုး အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ကုသရေး ကာလအတွင်း၌ ပြည်သူများ (Home Garden) စိုက်ပျိုးနိုင်ရန်အတွက် ဟင်းသီး၊ ဟင်းရွက် မျိုးစေ့စုစုပေါင်း (၁၀) မျိုးကို ယနေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် အခမဲ့ဖြန့်ဝေ‌ပေးသည်။
မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ အနှေးယာဉ်လုပ်သားများအား ငွေကြေးနှင့် စားသောက်ကုန်များ လှူဒါန်း
မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ အနှေးယာဉ်လုပ်သားကြီးများ COVID-19 ရောဂါကြောင့် စားဝတ်နေရေးအခက်အခဲ မရှိစေရေး ရည်ရွယ်ချက်ဖြင့် နှစ်ဘက်မိဘများ အမှူးထား၍
ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ IDP စခန်းများနှင့် ယာယီတိုက်ပွဲရှောင်စခန်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲစမ်းသပ် နမူနာရယူမည့် စမ်းသပ်ခန်း(၃)ခန်း၊ PPE ဝတ်စုံနှင့် နှာခေါင်းစည်းများကို အလှူရှင်များက လာရောက်လှူဒါန်း
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ပုလဲမြို့သစ်ဆေးရုံသို့  ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲစမ်းသပ် နမူနာရယူမည့် စမ်းသပ်ခန်း (၃)ခန်း၊ PPE ဝတ်စုံနှင့် နှာခေါင်းစည်းများကို အလှူရှင်များက လာရောက်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါဆေးရုံတွင် လှူဒါန်းခဲ့သည်။
ကမ္ဘောဇဘဏ်၏ (၂၇၄) တွင်းမြောက် စက်ရေတွင်း ချင်းပြည်နယ်တွင် တူးဖော်လှူဒါန်း
ပူပြင်းခြောက်သွေ့သော နွေရာသီတွင် ပြည်သူများ ရေပြတ်လပ်မှုမရှိစေရေးအတွက် ကမ္ဘောဇဘဏ်က စက်ရေတွင်းများ တူးဖော်လှူဒါန်းလျက်ရှိရာ
သစ်မျိုးစေ့များ ပျက်စီးလေလွင့်မှု လျော့နည်းရေး ရွှံ့စေးမြေဖြင့်ထည့်လုံး၍ မျိုးစေ့ပစ်ကြဲနည်းကို သစ်တောဦးစီးဌာနမှ အသုံးပြုလုပ်ဆောင်
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့တွင် လူ့ပယောဂကြောင့် ပျက်စီးဆုံးရှုံးနေသော ရွှေသတ္တုရှာဖွေပျက်စီး မြေနေရာများကို သစ်မျိုးစေ့များ ပျက်စီးလေလွင့်မှု လျော့နည်းကျဆင်းရေး သစ်မျိုးစေ့ပစ်ကြဲနည်းကို သစ်တောဦးစီးဌာနတွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
နေရပ်ပြန်များ စားသောက်ရေး အဆင်ပြေစေရန်အတွက် သီရိမာလာ ဗဟိုကုန်စိမ်းစျေးကြီးမှ စျေးသူစျေးသားများက အလှူငွေများလှူဒါန်း
တရုတ်ပြည် နယ်စပ်မြို့များသို့ သွားရောက်အလုပ်လုပ်ကိုင်ပြီး နေရပ်အသီးသီးသို့ ပြန်ကြမည့် နေရပ်ပြန်များ စားသောက်ရေး အဆင်ပြေစေရန်အတွက် သီရိမာလာ ဗဟိုကုန်စိမ်းစျေးကြီးမှ စျေးသူစျေးသားများက အလှူငွေများ လှူဒါန်းခြင်းကို