ဇလွန်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်များ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေး မြို့နယ် မီးသတ်ဦးစီးဌာနမှ ရေဂါလန်(၂၄၀ဝ) သွားရောက် လှူဒါန်း
ချင်းပြည်နယ်၊ ဟားခါးမြို့ ဈေးသစ်ရပ်ကွက် မြန်မာ့စီးပွားရေးဘဏ်တွင် ပြည်သူများ လာရောက် သူများသဖြင့် သောက်ရေ၊သုံးရေ အခက်အခဲမရှိစေရေးနှင့် ပြည်တော်သာရပ်ကွက် တောင်ပေါ်ရှိ သီလရှင် ကျောင်းတို့တွင် သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေး ဟားခါးမြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် မေလ ၂၅ရက် နံနက် ၉ နာရီခွဲအချိန်က သောက်သုံးရေ ဂါလန်(၂၄၀ဝ)ကို မီးသတ် ရေသယ်ယာဉ် ၂စီးဖြင့် သွားရောက် လှူဒါန်းခဲ့ကြောင်း သိရှိရ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးသီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ရေး စက်မှုလယ်ယာဦးစီးဌာနမှ ထွန်ယက်ရေး လုပ်ငန်းများ ဝန်ဆောင်မှုပေးလျက်ရှိ

ချောင်းဆုံမြို့နယ်တွင် ကိုဗစ်(၁၉)ကာလအတွင်း အိမ်ခြံဝင်းအတွင်းတစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက် စိုက်ပျိုးနိုင်ရေး မျိုးစေ့နှင့် နည်းပညာများအခမဲ့ဖြန့်ဝေ
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ကိုဗစ်(၁၉)ကာလအတွင်း အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနေကြသည့် ခြံရှင်များအား မေလ ၂၅ ရက်နေ့က နံနက် စိုက်ပျိုးမွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ဟင်းသီးဟင်း ရွက်စိုက်ပျိုးနိုင်ရေးအတွက် ဟင်းသီးဟင်းရွက်မျိုးစေ့နှင့် နည်းပညာ များကို အခမဲ့ဖြန့်ဝေခဲ့ကြောင်းသိရ
ကျောင်းကုန်းမြို့နယ်တွင် တစ်ပိုင်တစ်နိုင်မွေးမြူထားသော တိရစ္စာန်များအား ကူးစက်ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ တစ်ပိုင်တစ်နိုင် မွေးမြူထားသော တိရစ္စာန်များအား ကူးစက်ရောဂါကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းကို ယနေ့နံနက် ၈ နာရီအချိန် ရွာသာကုန်းအုပ်စု၊ရွာသာကုန်းကျေးရွာတွင် ထိုးနှံပေးခဲ့
ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ပါးစပ်နှာခေါင်းစည်း ၃၀ဝ၀ အခမဲ့ဖြန့်ဝေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပ ထွက်ခွာလာသည့် ဒေသခံပြည်သူများအား နှာခေါင်းစည်း ၃၀ဝ၀ အခမဲ့ဖြန့်ဝေခြင်းကို မေ ၂၅ ရက်က အသွားအလာများသော နေရာများတွင် ရှမ်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှု ဝန်ကြီးနှင့် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရ