ဧရာဝတီတိုင်းဒသကြီး၊ ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာလအတွင်း မြို့ပေါ်ရှိတည်းခိုခန်းများ စနစ်တကျ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရမည့် ကိစ္စရပ်များအား အသိပညာပေးခြင်းနှင့် ကနဦး စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။