ကျောင်းကုန်းမြို့နယ် ယာယီပျံကျဈေးတွင် နှာခေါင်းစည်းများဖြန့်ဝေပေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ယနေ့ နံနက် ၈ နာရီက ကျောင်းကုန်းမြို့နယ် ယာယီပျံကျဈေးရှိ ဈေးရောင်း ဈေးဝယ်များအား နှာခေါင်းစည်း အခု(၁၀၀၀) ဖြန့်ဝေပေးခဲ့သည်။
မိုင်းဖြတ်မြို့နယ်အတွင်းရှိ    ကျေးရွာများသို့ မျိုးစေ့နှင့် ဓာတ်မြေသြဇာများ(အခမဲ့)ဖြန့်ဝေပေး
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်ကာလအတွင်း မိသားစုဝင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးသည့် အိမ်ယာစိုက်ခင်းများတွင် ဟင်းသီးဟင်းရွက်များ  စိုက်ပျိုးနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက   ဝမ်လုံးကျေးရွာအုပ်စု ရှိ နားမွန်း၊ နားလီး၊ ယန်းခမ်းကျေးရွာများသို့ မျိုးစေ့များနှင့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများကို အိမ်တိုင်ရာရောက် (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဖာပွန်မြို့မှာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တိရိစ္ဆာန်ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း တိရစ္ဆာန်များကူးစက်ရောဂါမှ ကင်းဝေးစေရန်ရည်ရွယ်၍ ကျွဲ၊နွား လည်ချောင်းကွဲ ကာကွယ်ဆေး အခမဲ့ကွင်းဆင်းထိုးနှံပေးခြင်း လုပ်ငန်းကို ယမန်နေ့ ညနေပိုင်းက အမှတ် (၂) ရပ်ကွက်မှာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တာမိုးညဲမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်သူလူထုများထံသို့ မျိုးစေ့ပေါင်း(၁၈)မျိုး ထောက်ပံ့ပေးအပ်
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် တာမိုးညဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး၊ ထိန်းချုပ်ကုသရေးကာလ၌ (Home Garden) စိုက်ပျိုးနိုင်ရန်အတွက် ဟင်းသီး၊ ဟင်းရွက်မျိုးစေ့စုစုပေါင်း (၁၈) မျိုးကို မေလ (၂၃) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် တာမိုးညဲမြို့၊ ယာယီပျံကျဈေး၌ (အခမဲ့) ထောက်ပံ့ပေးအပ်ဖြန့်ဝေသည်။
စေတုတ္တရာမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန်အတွက် အဘိတ်ဆေးခပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

စေတုတ္တရာ  ၂၃ မေ          

 

မိုးသီးနှံထွန်ယက်စိုက်ပျိုးရန် ခက်ခဲနေသောတောင်သူများအား ကျောက်ပန်းတောင်း စက်မှုလယ်ယာ ဦးစီးဌာနမှ စိုက်ပျိုးရေး ဝန်ဆောင်မှုများ ကူညီဆောင်ရွက်ပေးလျှက်ရှိ
ကိုဗစ်-၁၉ ကူးစက်ရောဂါကာလနှင့် မိုးဦးကာလ ထွန်ယက်စိုက်ပျိုးရန် တိုက်ဆိုင်နေသည်နှင့်အညီ ကျောက်ပန်းတောင်းမြို့နယ်အတွင်း တောင်သူများ မိုးသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရန်၊ နယ်ကျော် ဒေသကျော်များ စက်ယန္တရားငှားရမ်း အသုံးပြုရန်အခက်အခဲရှိနေသည့် တောင်သူများ၏ ယာမြေများအချိန်မီထွန်ရက်စိုက်ပျိုးနိုင်ရန် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
စက်ရေတွင်းလုပ်ငန်းများ စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်အတွင်း ကျေးလက်ရေရရှိရေး ဆောင်ရွက်ပေးခဲ့သော ကျေးရွာ(၁၂)ရွာအနက် ကျေးရွာငါးရွာမှ ရေပေးရေး ကော်မတီဝင် များအား နွေရာသီကာလ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် စက်ရေတွင်းလုပ်ငန်းများ စီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းခြင်း လုပ်ငန်းများဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။