ကိုဗစ်-၁၉ သက်ရောက်မှုကာလအတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်မပျက်စေရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ကျင်းပ

Coronavirus Disease COVID-19 သက်ရောက်မှုကာလအတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်စေရေးအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၇/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပသည်။ 
ဘောလခဲမြို့ စောလဖော်ခန်းမရှေ့၌ မသန်စွမ်းသူများ အသုံးပြုနိုင်ရန်အတွက် wheel chair ဖြင့် တက်နိုင်သည့်နေရာများသို့ လမ်းညွန်သင်္ကတေဆိုင်းဘုတ်များ စိုက်ထူ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့ စောလဖော်ခန်းမရှေ့၌ မသန်စွမ်းသူများ အသုံးပြုနိုင်ရန်အတွက် wheel chair ဖြင့် တက်နိုင်သည့်နေရာများသို့ လမ်းညွန် သင်္ကတေ ဆိုင်းဘုတ်များ စိုက်ထူခြင်းကို ယနေ့ညနေ ၄ နာရီက ဆောင်ရွက်ခဲ့ကြသည်။
ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ 
ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျေးရွာအုပ်စုချင်းဆက် ကျောက်ချောလမ်း ဆောင်ရွက်ပြီးစီမှုအား ကြည့်ရှုစစ်ဆေး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့်
သီပေါသီတဂူစက္ခုဒါန မျက်စိခွဲစိတ်ကုသရေးလုပ်ငန်းများ ကိုဗစ်-၁၉ အလွန်ကာလရောက်မှ ပြန်လည်ဆောင်ရွက်မည်
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး ပုရဝဏ်အတွင်းရှိ သီပေါသီတဂူစက္ခုဒါန (၄၇)ကြိမ်မြောက် မျက်စိဝေဒနာရှင်များ အခမဲ့ခွဲစိတ်ကုသခြင်းကို
မကွေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ
မကွေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိပြီး ၂၀၁၉ ခုနှစ် မူအရ ကောက်ခံခဲ့သော အတိုးနှုန်း (၈)ရာခိုင်နှုန်းအား ၂၀၂၀ ခုနှစ် ချေးငွေမူအရ (၅)ရာခိုင်နှုန်းထိ လျှော့ချလိုက်ကြောင်း တိုင်းမန်နေဂျာ ဦးကျော်တင်ဦးထံမှ သိရသည်။
ဒလမြို့နယ်တွင် နေအိမ်တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ရန် မျိုးစေ့၊ ပျိုးပင်နှင့် မြေသြဇာများ အခမဲ့ဖြန့်ဝေ
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း နေအိမ်၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ရန်အတွက် မျိုးစေ့၊ ပျိုးပင်နှင့် မြေသြဇာများနှင့် စိုက်ပျိုးရေးအတွက် နည်းပညာပေး လက်ကမ်းစာစောင်များကို ယနေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့၌ မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးသူတို့က အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။