ဟိုတန့်ရေထွက်မှ နမ့်စန်မြို့သို့ သောက်သုံးရေ သွယ်တန်းယူနိုင်ရေးအတွက် တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် နမ့်စန်မြို့နေ ဒေသခံပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရရှိနိုင်ရန် ဟိုတန့်ရေထွက်မှ နမ့်စန်မြို့သို့ သောက်သုံးရေ သွယ်တန်းယူနိုင်ရေးအတွက် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း ဦးဆောင်သည့် ကွင်းဆင်း စိစစ်ရေးအဖွဲ့သည် ဇန်နဝါရီ ၁ ရက် နေ့လယ်ပိုင်းက နမ့်စန်မြို့နယ် စည်ပင်သာယာရေးဌာနတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ပြီး ရေထွက်နှင့် ရေသွယ်တန်းယူမည့် လုပ်ငန်း နေရာများအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရ