ကချင်ပြည်နယ်ဝန်ကြီးချုပ်  ဝိုင်းမော်မြို့နယ်အတွင်းရှိ တောင်သူများစိုက်ပျိုးရေ လုံလောက်မှုရှိစေရေး ဝါရှောင်ရေလွှဲဆည် အဆင့်မြှင်တင်သည့်လုပ်ငန်းများ  ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ တောင်သူများအတွက် အဓိက စိုက်ပျိုးရေဖြန့်ဝေပေး လျက်ရှိသည့် ဝါရှောင်ရေလွှဲဆည်အား ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာနမှ အဆင့်မြှင့်တင်ဆောင် ရွက်လျက်ရှိသည့် အခြေအနေနှင့် ဆည်စီမံကိန်းကာလအတွင်း တောင်သူများ စိုက်ပျိုးရေခက်ခဲမှု မဖြစ်ပေါ်စေရေး ယာယီရေတားတမံဖြင့် ရေဖြန့်ဝေပေးနေမှုတို့ကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
မိုးကောင်းမြို့တွင် ကိုဗစ်၁၉ကာလတွင်း နှာခေါင်းစည်း(Mask) မတပ်ထားသည့် ပြည်သူများအား ဝန်ထုပ်ဝန်ပိုးမဖြစ်စေသော နှုန်းထားဖြင့် ဒဏ်ရိုက်
ကိုဗစ်-၁၉ ကာလတွင်း ပြည်သူများကျန်းမာရေးအတွက် အပြင်ထွက်လျှင်  နှာခေါင်းစည်း (Mask)များ  မဖြစ်မနေ တပ်ဆင်ရေးမိုးကောင်းမြို့ ပြည်ထောင်စုလမ်းမ မြို့ဝင်မြို့ထွက်နှင့် မီးပွိုင့်လမ်းဆုံတို့၌ ယနေ့နံနက်(၉)နာရီခွဲတွင် ကြပ်မတ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၌ နေအိမ်ပြင်ပထွက်ခွာသွားလာရာတွင် Mask တပ်ဆင်ရေး ဒုတိယအဆင့် အရေးယူဆောင်ရွက်

တနင်္သာရီ၌ ငါးသယံဇာတ ထိန်းသိမ်းခြင်းဆိုင်ရာများ အသိပညာပေး ကွင်းဆင်းဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက မေလ ၂၃ရက် နံနက် ၁၀ နာရီက  တမုတ်ချုန်းကျေးရွာအုပ်စု- ရေဖြူကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးခန်းအတွင်း  ဒေသခံ ရေလုပ်သားများအား  ငါးသယံဇာတ ထိန်းသိမ်းခြင်း ဆိုင်ရာများအား သိရှိနားလည်ပြီး ပူးပေါင်းလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရှိရ
မြိတ်မြို့တွင် စည်ပင်ဝန်ထမ်းများအား အခြေခံစားသောက်ကုန်(၄)မျိုး ထောက်ပံ့
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်ကာလ၌ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများနှင့် စည်ပင်သာယာရေး လုပ်ငန်းများကို (၅၀)ရာခိုင်နှုန်း နားရက်မယူဘဲ နေ့စဉ်ဆောင်ရွက်လျက်ရှိကာ ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများကို ကူညီဆောင်ရွက်လျက်ရှိသည့် စည်ပင်ဝန်ထမ်းများအား မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြုကော်မတီမှ မြို့နယ်စည်ပင် သာယာရေး အဖွဲ့ရုံးတွင် မေလ (၂၃)ရက် နံနက်(၉)နာရီက အခြေခံစားသောက်ကုန်(၄)မျိုးကို ဂုဏ်ပြုထောက်ပံ့ ပေးအပ်ခဲ့
မြဝတီမြို့နယ်စပ် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂) တွင် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအား ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျောက်ဆည်မြို့နယ်တွင် ကျောင်းပေါင်း (၂၀ဝ)အား ကျောင်းသုံးဗလာစာအုပ် (၁၉၈၀၂)ဒါဇင် အခမဲ့ ဖြန့်ဝေနိုင်ရေး အရည်အသွေးဖွင့်ဖောက်စစ်ဆေး
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ အနော်ရထာခန်းမတွင် အခြေခံပညာကျောင်း (၁၈၆)ကျောင်းနှင့် ဘုန်းတော်ကြီး ပညာသင်ကျောင်း (၁၆)ကျောင်း စုစုပေါင်း ကျောင်း(၂၀ဝ)တို့အား ကျောင်းသုံးဗလာစာအုပ်(၁၉၈၀၂) ဒါဇင် အခမဲ့ ဖြန့်ဝေနိုင်ရေးအတွက် မေလ ၂၃ ရက်နံနက် ၁၀ နာရီက အရည်အသွေးဖွင့်ဖောက် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ