ကျိုက်လတ်မြို့နယ်၌ မဲဆန္ဒနယ်မြေ ပိုင်းခြားသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းစည်းဝေး

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒနယ်မြေ ပိုင်းခြားသတ်မှတ် ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက ကျိုက်လတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရသေ့ပျံ-အလဝံကုန်း-ပန်းကုန်း ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျေးရွာများဖွံ့ဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေး ဆောင်ရွက်လျက် ရှိရာ ရသေ့ပျံ-အလဝံကုန်း-ပန်းကုန်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းကို မိုးရာသီမတိုင်ခင် အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ မော်တော်ယာဉ်များအား အခမဲ့ပိုးသတ်ဆေးဖျန်းပေး
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ ခရီးသွားလာရာ၌ ရောဂါကူးစက်မှု မရှိစေရေးအတွက် ရည်ရွယ်၍ မော်တော်ယဉ်များ ပိုးသတ်ဆေးဖျန်းခြင်းကို ယနေ့ နံနက် ၈ နာရီတွင် အမှတ်(၁) ရပ်ကွက် ယန်းခမ်းယာဉ်ရပ်နားစခန်းတွင် ဆောင်ရွက်ခဲ့သည်။
ကြို့ပင်ကောက်မြို့တွင် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် မေ ၁၇ ရက်နှင့် ၁၈ ရက်နေ့က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စုများအား တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံငွေနှင့် ပစ္စည်း ၁၆ မျိုးတို့ကို ယနေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
ယာယီပိတ်ထားသည့် ပြင်ဦးလွင်မြို့ စည်ပင်သာယာမြို့မဈေးကြီး  ပြန်လည်ဖွင့်လှစ်    
ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉  ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ကာလများတွင် ယာယီပိတ်ထားသည့်   ပြင်ဦးလွင် မြို့မဈေးကြီးအား  ယနေ့ နံနက် ၆ နာရီခွဲမှ  မွန်းလွဲ ၃ နာရီအထိ ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ  လိုက်နာရန် ရောင်းသူ/ဝယ်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီး စတင်ဖွင့်လှစ်ရောင်းချလျက် ရှိသည်။ 
တိုင်းဒေသကြီး/ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိ 
မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားလျက်ရှိသည်။
ကိုရီးယားသမ္မတနိုင်ငံမှ ကိုဗစ်-၁၉ ဓာတ်ခွဲပစ္စည်းများလှူဒါန်း