ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဆေးနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၀)သို့ တက်ရောက်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယမန်နေ့ မွန်းလွဲပိုင်းက Video Conferencing ဖြင့် ပြုလုပ်သည့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဆေးနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ် (၁၅) ခုမှ ပါမောက္ခချုပ်များ ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၀)သို့ တက်ရောက်သည်။
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွင် အသုံးပြုရန်အတွက် ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ Portable X-Ray machine နှင့် အလှူငွေများလှူဒါန်း
ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်း မိသားစုများက မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်၌ အသုံးပြုရန်အတွက် JLK Inspection ကုမ္ပဏီမှ ထုတ်လုပ်သည့် ဝမ် ၃၄၀ သိန်း (ကျပ် ၃၈၄ သိန်းခန့်) တန်ဖိုးရှိ HandMed Portable X-Ray machine နှင့် ဝမ် ၃၇.၅၀ သိန်း (ကျပ် ၄၂.၂၇ သိန်းခန့်) တို့အား မြန်မာ-ကိုရီးယား သံတမန်ဆက်ဆံရေး (၄၅) နှစ်မြောက် အခါသမယနေ့ဖြစ်သည့် ယနေ့တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ မတ်လအထိ မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန် အခြေအနေ 
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ မတ်လအတွက် မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၆၂ ဒသမ ၆၂ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၅၂ ဒသမ ၅၂ သန်းနှင့် စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅၁၅ ဒသမ ၁၄ သန်း ဖြစ်ပါသည်။ ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆၀၄ ဒသမ ၇၃ သန်း၊ နယ်စပ်သွင်းကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၄၁ ဒသမ ၃၇ သန်းနှင့် စုစုပေါင်း သွင်းကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၉၄၆ ဒသမ ၁၀ သန်း ဖြစ်သည်။
ကိုဗစ်-၁၉ ကြောင့် ဂေါ်ဖီထုတ်စျေးကွက်ပျောက်ကာ စိုက်ပျိုးသူများ၏ဆုံးရှုံးမှုကို ကုစားရန် အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိ
ကိုဗစ်-၁၉ ကြောင့် ဂေါ်ဖီထုတ်စျေးကွက်ပျောက်ကာ ဂေါ်ဖီထုတ်စိုက်ပျိုးသူများ၏ ဆုံးရှုံးမှုကို ကုစားရန် အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်သူ က ယနေ့တွင် ပြောသည်။
အိန္ဒိယနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

၁၉ မေ

 

စူပါဆိုင်ကလုန်းမုန်တိုင်း “အမ်ဖန်” ကြောင့် ဟိုင်းကြီးကျွန်းဒေသရှိ ကမ်းနီးကမ်းဝေး ငါးဖမ်း/ငါးသယ် ရေယာဉ်များ ကမ်းသို့ပြန်လည်ဝင်ရောက်
ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် ၏ အရှိန်ကြောင့် ပင်လယ်ပြင်၌ ရာသီဥတုအခြေအနေ ဆိုးရွားနေသည့်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းဒေသရှိ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြသည့် ကမ်းနီးကမ်းဝေး ငါးဖမ်း၊ ငါးသယ်ရေယာဉ် များအားလုံး ကမ်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနမှ COVID-19 လျော့ကျချိန်ကာလ နယ်စပ်ဒေသရှိ လူငယ်များ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြင်ဆင်ဆောင်ရွက်
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများသာမက နယ်စပ်ဒေသရှိ လူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်မြင့်ပညာ၊ အခြေခံပညာနှင့် အသက်မွေးပညာ ဟူသော ကဏ္ဍကြီး (၃)ရပ်ဖြင့် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)၊ ဗဟိုလေ့ကျင့်ရေးကျောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (၄၅) ကျောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (၉) ကျောင်းနှင့် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (၄၆) ကျောင်း စုစုပေါင်း (၁၀၄) ကျောင်းကို နယ်စပ်ဒေသများတွင် ဖွင့်လှစ်လေ့ကျင့်သင်ကြား ပေးလျက်ရှိသည်။