ဒုတိယရှေ့နေချုပ်ဦးဝင်းမြင့် ကရင်ပြည်နယ်ဥပဒေချုပ်ရုံးဝန်ထမ်းအိမ်ရာ အဆောက်အဦသစ် ဖွင့်ပွဲတက်ရောက်
ကရင်ပြည်နယ်ဥပဒေချုပ်ရုံး ဝန်ထမ်းအိမ်ရာ အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၃၀ ရက် နံနက် ၆ နာရီခွဲက ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ရေကျော်ရပ်၊ ကြာအင်းတောင်ခြေရှိ အဆိုပါ ဝန်ထမ်းအိမ်ရာ၌ ကျင်းပရာ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ်ဦးဝင်းမြင့် တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။