ဟိုပန်၌ လေဘေးသင့်အိမ်ထောင်စုများသို့ ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများပေးအပ်

 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် မေ ၁၄ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ်များသို့ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့က ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်တာဝန်ခံနှင့် ဝန်ထမ်းများက အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရ
ကံမမြို့နယ်မှ မီးဘေးသင့် အိမ်ထောင်စုများနှင့် လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မေ ၁၈ ရက် နံနက်က မီးလောင်မှု ဖြစ်ပွားခြင်းကြောင့်  မီးဘေးသင့်အိမ်ထောင်စု (၆) စုနှင့်  ညနေပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့်  လေဘေးသင့် အိမ်ထောင်စု (၇) စုတို့အား  ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
မိတ္ထီလာ ကွန်ပျူတာ တက္ကသိုလ်တွင် အသွားအလာကန့်သတ်ထားရှိမည့် အဆောင်များအား ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်
မိတ္ထီလာ ကွန်ပျူတာတက္ကသိုလ်သို့ ပြန်လည်ရောက်ရှိလာမည့် ဆရာဆရာမများကို အသွားအလာ ကန့်သတ်ထားရှိမည့် အဆောင်များအား ယနေ့နံနက်ပိုင်းက ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မသန်စွမ်းသူများအား အခြေခံစားသောက်ကုန်များထောက်ပံ့ပေးအပ်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာအုပ်စုအတွင်းရှိ ကျေးရွာများမှ မသန်စွမ်းသူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ပြည်သူ့ မဏ္ဍိုင်လူမှုကူညီရေးပရဟိတအသင်းက ယနေ့မွန်းလွဲ ၁ နာရီက ထောက်ပံ့ပေးအပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးတွင် မြို့နယ်အလိုက် စေတနာ့ဝန်ထမ်းများအား ဆင့်ပွားသင်တန်းဖွင့်ပွဲနှင့်  PPE ဝတ်စုံလှူဒါန်းပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တွင် ကိုဗစ်ကာလအတွင်း (Volunteer) စေတနာ့ ဝန်ထမ်းများအနေဖြင့် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အလိုက် စေတနာ့ဝန်ထမ်းများအား ဆင့်ပွားသင်တန်းဖွင့်ပွဲနှင့် PPE ဝတ်စုံလှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါမပြန့်ပွားဖို့ မိမိကစ၍ ကာကွယ်စို့ ပညာပေး သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
မြန်မာနိုင်ငံအတွင်း ကူးစက်မှုဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ အခမဲ့ထုတ်ဝေသည့်“COVID-19ရောဂါ မပြန့်ပွားဖို့ မိမိကစ၍ ကာကွယ်စို့”အသိပညာပေး သတင်းစကား လက်ကမ်း စာစောင်များကို  တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်သီသီခိုင်နှင့်ဝန်ထမ်းများက မေ ၁၉ ရက် နံနက် ၇ နာရီမှ စတင်၍ လူစည်ကားရာ ဈေး၊ ကူးတို့ဆိပ်နှင့် လမ်းဆုံနေရာများတွင် ဈေးရောင်း/ဈေးဝယ်များ၊ ခရီးသွားပြည်သူများအား အခမဲ့ လိုက်လံဖြန့်ဝေပေးလျက်ရှိကြောင်း သိရ
ကိုဗစ်-၁၉ကာလအတွင်း အခြေခံလူတန်းစား(၈၀ဝ)အား အသင့်စားသုံးနိုင်သော ထမင်းနှင့်ဟင်းများ ဆက်လက် ပေးဝေလှူဒါန်း
ကျောက်မဲခရိုင်၊ နောင်ချိုမြို့၊ ဘူတာရပ်ကွက်၌ ကိုဗစ်-၁၉ကာလအတွင်း အခြေခံလူတန်း စားမိသားစုဝင် ၈၀ဝ အား အသင့်စားသုံးနိုင်သော ထမင်းနှင့်ဟင်းများ ဆက်လက်ပေးဝေ လှူဒါန်းလျက်ရှိကြောင်း သိရ