မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲ(၂၀၂၀)ကို ဇန်နဝါရီ၄ရက်(လွတ်လပ်ရေးနေ့)တွင် ကျင်းပမည် ဖြစ်ပြီး ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီးအလွတ်တန်း၊ အမျိုးသား အမျိုးသမီး လူသစ်တန်း ပြိုင်ပွဲများ ထည့်သွင်းယှဉ်ပြိုင်မည်ဖြစ်သည်။ပြိုင်ပွဲအား မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးရှေ့မှ နံနက် ၆ နာရီခွဲတွင် တာလွှတ်၍ ၂၆လမ်းအတိုင်း လမ်း၈၀အထိ၊ ၎င်းမှလမ်း၈၀အတိုင်း ၁၂လမ်းအထိ၊ ၎င်းမှ ၁၂လမ်းအတိုင်း ၇၃လမ်းအထိ၊ ၇၃လမ်းမှမန္တလေးတောင်ပတ်လမ်း၊ ၁၀လမ်းမှ အရှေ့သို့ ၆၂ လမ်းအထိ၊ ၆၂ လမ်းအတိုင်း ငုရွှေဝါလမ်းအထိ၊ ငုရွှေဝါလမ်းမှ ၆၈ လမ်းအထိ၊ ၆၈ လမ်းအတိုင်း မန္တလာသီရိ အားကစားကွင်းအထိ ၁၃မိုင်ခန့် ပြေးလမ်းသတ်မှတ်ထား