မယ်စဲ့မြို့နယ်၌ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး တောင်သူနည်းပညာပေးသင်တန်းများဖွင့်

ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ လိုက်လျောညီထွေသည့်သီးနှံများ စိုက်ပျိုးနိုင်ရေးနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူနည်းပညာပေး သင်တန်းများဖွင့်လှစ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကယားပြည်နယ်၊ မယ်စဲ့မြို့နယ် ဟိုစဲ့ကျေးရွာ၌ ပြုလုပ်သည်။
မင်းလှမြို့ဂုဏ်ဆောင် ဓမ္မသုခသာသနာ့ဗိမာန်တော်ကြီးတည်ဆောက်ရန် အလှူငွေလှူဒါန်း
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် ဇနီးသည် ဒီဇင်ဘာ ၂၉  ရက် မွန်းလွဲ ၂ နာရီခွဲခန့်က မင်းလှမြို့တွင် တည်ဆောက်လျက်ရှိသည့် မင်းလှမြို့ ဂုဏ်ဆောင် ဓမ္မသုခ သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်နိုင်ရေးအတွက် အလှူငွေများအား ဝေဠုဝန်ကျောင်းတိုက်ဆရာတော်ဘုရားကြီးနှင့် တည်ဆောက်ရေးကော်မတီအဖွဲ့တို့ထံ သွားရောက်လှူဒါန်းခဲ့ကြသည်။
ရွှေစာရံစေတီတော်မြတ်ကြီး ဓါတ်တော်ကွန့်မြူးမှု အထိမ်းအမှတ် မြို့လုံးကျွတ်မဟာနိဗ္ဗာန်ဈေးပွဲတော် သထုံတွင်ပြုလုပ်
မွန်ပြည်နယ်၊ သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓါတ်စံရွှေစာရံစေတီတော်မြတ်ကြီး အထိမ်းအမှတ်အဖြစ် သတ္တမအကြိမ်မြောက် မြို့လုံးကျွတ် မဟာနိဗ္ဗာန်ဈေးပွဲတော်ကို ဒီဇင်ဘာ ၂၉ ရက်၊ မွန်းလွဲပိုင်းက စေတီတော်မြတ်ကြီးဝန်းကျင်တွင် သထုံမြို့သူ/မြို့သားများစုပေါင်း၍ စည်ကားစွာ ပြုလုပ်ခဲ့ကြသည်။
ကုန်းကြမ်းမြို့၌ ဌာနဆိုင်ရာတွေ့ဆုံပွဲနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲကျင်းပ
လူထုတွေ့ဆုံပွဲနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကိုးကန့်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ ကုန်းကြမ်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရေကြည်မြို့နယ် ကျောင်းစုကျေးရွာ၌ မီးလောင်မှုဖြစ်ပွား
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ကျောင်းစုကျေးရွာ၌ ယမန်နေ့ နံနက် ၁၁ နာရီခွဲက မီးလောင်မှု ဖြစ်ပွားသဖြင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အင်းတော်ကြီးဒေသရှိ မုန်ယိုနေသည့်ဆင်ကို မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ညောင်ထောက်ကျေးရွာ အောက်ရွှေမှော်အနီးတွင် မုန်ယိုနေသည့်ဆင်အား ယမန်နေ့ မွန်းလွဲပိုင်းက မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရမိပြီဖြစ်ကြောင်း မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။