မန္တလေးမြို့တွင်  ရှားပါးငှက်မျိုးစိတ်များ အမဲလိုက်ပြိုင်ပွဲ ပထမဆုံးအကြိမ် ကျင်းပ

Myanmar Flaconer's Club မှ ဦးဆောင်ကျင်းပသည့် အမဲလိုက် ရှားပါးငှက်မျိုးစိတ်များ အမဲလိုက်ပြိုင်ပွဲကို ဒီဇင်ဘာ ၂၈ ရက်က မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ မြင်းစီးကွင်း၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သည်။
သီရိမင်္ဂလာကမ္ဘာအေးစေတီတော် အပေါ်ရင်ပြင်တော်ပတ်လမ်း အဆင့်မြှင့်တင်မွမ်းမံပြုပြင်ခြင်း အောင်ပွဲအလှူမင်္ဂလာအခမ်းအနား  ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်
ဆဌသင်္ဂါယနာသာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၏ အပေါ်ရင်ပြင် တော်ပတ်လမ်းအား Natural Clay ခင်း အဆင့်မြှင့်တင် မွမ်းမံပြုပြင်ကပ်လှူပူဇော်ခြင်း အောင်ပွဲအလှူမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေရှိ စေတီတော်ရင်ပြင်တော်၌ ကျင်းပသည်။
ရွှေကျင်မြို့နယ်၌ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံဖွင့်
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ကွမ်းဆိပ်ကျေးရွာတွင် ယနေ့ နံနက် ၉ နာရီက ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံဖွင့်ပွဲကို ကျင်းပခဲ့သည်။
ဂန့်ဂေါ၌ Physical Fitness Dance အကပြိုင်ပွဲကျင်းပ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဒီဇင်ဘာ လူထုလှုပ်ရှားအားကစားလ စတုတ္တပတ်တွင် Physical Fitness Dance အကပြိုင်ပွဲကို ယမန်နေ့ နံနက် ၇ နာရီက ခရိုင်အားကစားကွင်း၌ ကျင်းပခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ ပထမဆုံးယာဉ်ရပ်နားဝင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ၏ ပုဇွန်တောင်မြို့နယ် ယာဉ်ရပ်နားဝင်း ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက ပုဇွန်တောင်မြို့နယ် နံ့သာဖြူလမ်းရှိ ယာဉ်ရပ်နားဝင်းနေရာ၌ ကျင်းပသည်။
ဖောင်းပြင်မြို့နယ်တွင် ကျေးလက်ရေပေးရေးဆိုင်ရာ အချက်အလက်များ ကောက်ယူလျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ရေပေးရေးဆိုင်ရာ အချက်အလက်များကို နိုဝင်ဘာ ၂၈ ရက်မှ စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။