ရန်ကုန်ရောက် သံတွဲ၊ တောင်ကုတ်၊ ဂွ နယ်သူနယ်သားများဖြင့် စုပေါင်းဖွဲ့စည်း ထားသည့် သံတွဲခရိုင်အသင်း(ရန်ကုန်)၏ စိန်ရတုအထိမ်းအမှတ် နှစ်ပတ်လည်မိတ်ဆုံစားပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဦးဥတ္တမပန်းခြံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။