ထန်းတပင်ကျေးရွာရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ထန်းတပင်ကျေးရွာအုပ်စုရှိ လေဘေးသင့်ပြည်သူများအား ယနေ့ နံနက်ပိုင်းက ပြည်နယ်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်တွင် နေအိမ်အလုံး ၂၀ မီးလောင်မှုဖြစ်ပွား
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၅လမ်းနှင့် ၅၆ လမ်းကြား၊ အေးသုခလမ်းနှင့် အေးမေတ္တာလမ်းကြားတွင် ယနေ့ မွန်းတည့် ၁၂ နာရီခန့်က နေအိမ်အမိုးပေါ်တွင် သံပန်းသံတံခါးများ ဝရိန်ဆော်ရာမှတစ်ဆင့် နေအိမ်အလုံး ၂၀ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ ရောင်းချခွင့်မရတော့သောကြောင့် ဆိတ်ကုန်သည်များနှင့် တစ်နိုင်ဆိတ်မွေးသူများ အရှုံးပေါ်
မြန်မာနိုင်ငံမှ ဆိတ်များကို မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ရောင်းချခွင့် မရတော့သောကြောင့် ဆိတ်ကုန်သည်များ အရှုံးပေါ်လျက်ရှိပြီး ဒေသတွင်း တစ်နိုင်တစ်ပိုင် ဆိတ်မွေးမြူသူများလည်း အရှုံးပေါ်လျက်ရှိသည်ဟု သိရသည်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ  တရုတ်နိုင်ငံဘက်က   မြန်မာနိုင်ငံမှ ဆိတ်များကို  တရားမဝင် ကုန်ပစ္စည်းအဖြစ် သတ်မှတ်လိုက်သောကြောင့်  မူဆယ်ကနေတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ ဆိတ်ရောင်းချနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ် (၂၁/၂၀၂၀)

(၂၀၂၀ ပြည့်နှစ်၊ မေလ ၁၉ ရက်) (မြန်မာစံတော်ချိန်(၁၆:၃၀)နာရီအချိန်ထုတ်ပြန်ချက်)

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးပညာပေး “သတင်းစကား” လက်ကမ်းစာစောင်များ ဝေငှ
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ မွန်းလွဲပိုင်းက သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းစကား လက်ကမ်းစာစောင်များကို လိုက်လံဝေငှပေးခဲ့သည်။
ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ Portable X-Ray machine နှင့် အလှူငွေများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွင် အသုံးပြုရန်အတွက် လှူဒါန်း
ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းမိသားစုများမှ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်၌ အသုံးပြုရန်အတွက် JLK Inspection ကုမ္ပဏီမှ ထုတ်လုပ်သည့် ဝမ် ၃၄၀ သိန်း (ကျပ် ၃၈၄ သိန်းခန့်) တန်ဖိုးရှိ HandMed Portable X-Ray machine နှင့် ဝမ် ၃၇.၅၀ သိန်း (ကျပ် ၄၂.၂၇ သိန်းခန့်) တို့အား မြန်မာ-ကိုရီးယား သံတမန်ဆက်ဆံရေး (၄၅) နှစ်မြောက် အခါသမယ နေ့ဖြစ်သည့် ယနေ့တွင် ပေးအပ်လှူဒါန်းသည်။