ဒလမြို့နယ်၌ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအခြေပြုပြေးဆွဲနေသော ယာဉ်လိုင်းများ ပြေးဆွဲခြင်းမရှိဘဲ တက္ကစီများသာ ပြေးဆွဲပေး

လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉  ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက်  သင်္ကနြ်ပွဲတော် ရုံးပိတ်ရက်ရှည်ကာလအတွင်း အိမ်ထဲမှာနေထိုင်ကြရန် သတ်မှတ်လိုက်ပြီးနောက်ပိုင်း ဒလမြို့နယ်မှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ အခြေပြုပြေးဆွဲနေသော ယာဉ်လိုင်းများအနေဖြင့် ဧပြီ ၁၁ ရက်နေ့မှ စတင်ပြီး ယနေ့အချိန်ထိ ပြေးဆွဲခြင်းမရှိဘဲ တက္ကစီကား အစီးရေ(၂၀)ခန့်ဖြင့် ခရီးသွားမိဘပြည်သူများ အဆင်ပြေစေရေးအတွက် ခရီးသည်အနည်းကိုသာ ပြေးဆွဲပို့ဆောင်ပေးလျက်ရှိကြောင်း ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA ဒလမြို့နယ်ရုံးခွဲမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များနှင့်နှာခေါင်းစည်းများ ထောက်ပံ့

ဝမ်းတွင်းမြို့နယ်ရှိ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများအားစားနပ်ရိက္ခာနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများထောက်ပံ့

မြင်းခြံမြို့ အခြေခံကျန်းမာရေးဝန်ထမ်းများအား နိုင်ငံတော်မှ စားစရာပစ္စည်းများ ထောက်ပံ့ပေးအပ်

ထန်းတပင်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား အခြေခံစားသောက်ကုန် ငါးမျိုးကိုဖြန့်ဝေဆောင်ရွက်ပေးပြီးဖြစ်

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ ၃၈ဝ သို့ အခြေခံစားသောက်ကုန်များကို မူရင်းဈေးနှုန်းဖြင့် အရောက်ပို့ ရောင်းချပေးမည်
မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ ၃၈၀ ရွာသို့ ဧပြီလ ၁၈ ရက်နေ့က စတင်ပြီးအခြေခံစားသောက်ကုန်များကို မူရင်း ဈေးနှုန်းဖြင့် မိတ္ထီလာဒေသခံပရဟိတ လူငယ်များအဖွဲ့ နှင့် အက်ရှင်အေ့ဒ်မြန်မာ ( မိတ္ထီလာ) တို့ပူးပေါင်း၍ အရောက်ပို့ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျီခါးတိုက်နယ်ဆေးရုံ၌ တိုးချဲ့လူနာဆောင်အသစ် ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ