မြဝတီမြို့၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၂၅၀၀ အတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးလျက်ရှိ
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် သင်္ကြန်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန် (၅)မျိုးအား အိမ်တိုင်ရာရောက် ထောက်ပံ့ဖြန့်ဝေပေးလျက်ရှိရာ ယနေ့ ငါးရက်မြောက်နေ့အဖြစ် အိမ်ထောင်စု ၂၅၀၀ စုအား ဖြန့်ဝေပေးခဲ့ကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ထံမှ သိရသည်။







