ရိခေါ်ဒါရ်၌ စေတနာအလှူရှင်များ လှူဒါန်းသည့် ဆန်နှင့်စားသုံးကုန်ပစ္စည်းများအား စားဝတ်နေရေး ခက်ခဲသည့် ပြည်သူများထံ ဖြန့်ဝေပေး
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့ရပ်ကွက်ပြည်သူများ စားနပ်ရိက္ခာ ပြတ်လပ်မှု မရှိစေ ရေးအတွက် ပြည်တွင်းပြည်ပ၊ အနယ်နယ်အရပ်ရပ်မှ စေတနာအလှူရှင်များက ဆန်နှင့်အတူ အခြားစားသုံးကုန်ပစ္စည်းများ၊ ရောဂါကာကွယ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် အလှူငွေများ လာရောက် လှူဒါန်းပေးခဲ့ရာ ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ရပ်ကွက် လူငယ်များ ပူးပေါင်းသည့် Temporary Relief Committee မှ လှူဒါန်းရရှိမှုများ ထိန်းသိမ်းခြင်းနှင့် ပြည်သူများထံ ဖြန့်ဝေခြင်းလုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရ








