မြဝတီမြို့၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၃၅၀ဝ အတွက် အခြေခံစားသောက်ကုန်များ ဆက်လက် ထောက်ပံ့ပေးလျက်ရှိ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှုဖြင့်သင်္ကြန်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ အတွက် အခြေခံစားသောက်ကုန် (၅)မျိုးအား ဧပြီလ ၁၀ ရက်နေ့မှစတင်ပြီး အိမ်တိုင်ရာရောက် ထောက်ပံ့ ဖြန့်ဝေပေးလျက်ရှိရာ ယနေ့ ဧပြီလ ၁၅ နေ့ တွင် အိမ်ထောင်စု ၃၅၀ဝ စုအား ဆက်လက် ဖြန့်ဝေပေးခဲ့ကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ထံမှ သိရ
မြစ်သားမြို့မဈေးရှိ ပျံကျဈေးသည်များ ၆ ပေအကွာမှ Mask များတပ်ဆင်၍ စနစ်တကျရောင်းချလျက်ရှိ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ မြို့မဈေးအတွင်း Covid-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအနေဖြင့်  ဈေးရောင်းချသူများနှင့် ဈေးသို့လာရောက်ဝယ်ယူသူများအားလုံး Mask တပ်ဆင်၍ ရောင်းချဝယ်ယူကြ စေရန်နှင့် ပျံကျဈေးသည်များအား Social Distancing အနည်းဆုံး (၆)ပေ အကွာ ရှိစေရေးအတွက် ယနေ့နံနက် ၆နာရီမှစတင်ပြီး စနစ်တကျရောင်းချလျက် ရှိ
ဘုတလင်မြို့နယ် ကန်တော်သာကျေးရွာမှ ထောက်ပံ့ရရှိသည့် အခြေခံစားသောက်ကုန်ပစ္စည်းများကို ပြန်လည်လှူဒါန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် နိုင်ငံတော်မှ ထောက်ပံ့ပေးသော အခြေခံစားသောက် ကုန်ပစ္စည်းများကို ပြန်လည်လှူဒါန်းသည့် ဒုတိယမြောက် ကျေးရွာအဖြစ် ရွာသစ်ကျေးရွာအုပ်စု၊ ကန်တော်သာကျေးရွာမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၃၇)စုက ထောက်ပံ့ ရရှိသည့် အခြေခံစားသောက်ကုန်ပစ္စည်းများကို ဧပြီလ(၁၅)ရက် နံနက်(၁၀)နာရီခွဲက ပြန်လည်လှူဒါန်း ခဲ့ကြောင်း မြို့နယ်အခြေခံစားသောက်ကုန်ပစ္စည်းများ လက်ခံရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းကော်မတီထံမှ သိရ
ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါနှင့် ပတ်သတ်၍ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆွေးနွေးပွဲ(Talk Show)ကျင်းပ
မန္တလေးတိုင်းဒေသကြီး  ကျောက်ဆည်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဧပြီ(၁၅)ရက် နံနက်(၉)နာခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လွှတ်တော် ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး (ကိုဗစ်-၁၉)ကူးစက်မြန်ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာ ဆွေးနွေးပွဲ(Talk Shaw)ပြုလုပ်ခဲ့ကြောင်း သိရှိရ
ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာတွင် အခြေခံစားသောက် ကုန်ပစ္စည်းများ ကျေးရွာအရောက် ဖြန့်ဝေပေးအပ်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အရေးကြီးကာလဖြစ်သည့် မဟာသကြ်န်ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိ သော အခြေခံလူတန်းစားများအား ဆန်၊ဆီ၊ဆား၊ပဲနှင့်ကြက်သွန်နီ စားသောက်ကုန်ပစ္စည်း (၅)မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ဧပြီ ၁၅ ရက်(သင်္ကြန်အကြတ်ဒုတိယနေ့) နံနက် ၉ နာရီက နတ်ပေးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ စနစ်တကျဖြန့်ဝေပေးလျက်ရှိကြောင်း သိရ
ဘားအံမြို့ရှိ Quarantine Center များအပါအဝင် လူစည်ကားရာနေရာများ၌ အများသုံး လက်ဆေးရေစင်များ တပ်ဆင်
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကိုဗစ် ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် UNICEF တို့ပူးပေါင်း၍ Quarantine Center များအပါအဝင် လူစည်ကားရာနေရာများ၌ အများသုံး လက်ဆေး ရေစင်များ တပ်ဆင်ပေးခဲ့ကြောင်း သိရ
လဟယ်မြို့၌ ကိုဗစ်-၁၉  ရောဂါကာကွယ်ထိန်းချုပ်ရေး မြို့အဝင်အထွက်ဂိတ်တိုးပြီး ဆောင်ရွက်လျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး မြို့အဝင်အထွက် (၃)ဂိတ်ထပ်မံတိုးပြီး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ကိုယ်အ ပူချိန်တိုင်းကိရိယာဖြင့် နေ့စဉ်ကျန်းမာရေးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရ