ကျီခါးမြို့ပေါ်ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အခြေခံ စားသောက် ကုန်များ ဆက်လက်ဖြန့်ဝေပေး

ချင်းပြည်နယ် ၊ ကျီခါးမြို့အမှတ် (၁)ရပ်ကွက်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သည့် အခြေခံစားသောက်ကုန်များကို ယနေ့နံနက် (၉)နာရီမှ စတင်၍ အိမ်တိုင်ရာရောက် ဆက်လက်ဖြန့်ဝေပေးခဲ့ကြောင်း သိရ
ကျောက်တံတား မြို့နယ်ရှိ ရပ်ကွက် ၉ ခုမှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၈၆ စုအား အခြေခံစားသောက်ကုန်ပစ္စည်း(၅)မျိုး လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေး

လက်ပံတန်းမြို့၌ အိမ်ထောင်စု ၁၂၀၃ စုအတွက် အခြေခံစားသောက်ကုန် ပစ္စည်း(၅) မျိုးများ ထောက်ပံ့ခြင်းကို ဒုတိယနေ့အဖြစ် ဆက်လက်ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့၌ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်မှ အရေးကြီး ကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအတွင်း   ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် အခြေခံစားသောက်ကုန်ပစ္စည်း (၅)မျိုးအား ထောက်ပံ့ ဖြန့်ဝေပေးလျက်ရှိရာ ယနေ့ဒုတိယနေ့အဖြစ် အိမ်ထောင်စု ၁၂၀၃ စုအား ဆက်လက် ဖြန့်ဝေပေးခဲ့ကြောင်း သိရ
ခမ်းပါတ်မြို့ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအတွက် ငွေကျပ် ၉၆ သန်းကျော် အကုန်အကျခံဆောင်ရွက်

မြိုင်မြို့နယ် မြေရင့်ကျေးရွာ၌ သောက်သုံးရေဖူလုံစွာရရှိရေး ဆောင်ရွက်နေ
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်၊ မြေရင့်ကျေးရွာအုပ်စု၊ မြေရင့်ကျေးရွာ ဒေသခံပြည်သူများ  ရာသီမရွေး သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြု ရန်ပုံငွေဖြင့် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို မတ်လ နောက်ဆုံးအပတ်မှစ၍ မြိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိရာ ယခုအခါ စက်ရေတွင်း တူးဖော်ခြင်း ပြီးစီးပြီနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာန တာဝန်ရှိသူထံမှ သိရ
အောင်လံမြို့နယ်အတွင်းရှိ ကျေးရွာ ၂၀ ၌  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လက်ဆေး ဘေစင်များ တပ်ဆင်ပေး
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊အောင်လံ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရ ဦးစီးဌာန နှင့် UNICEF တို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ကျေးရွာ ၂၀ ၌အများပြည်သူနှင့် သက်ဆိုင်သည့် အများသုံးလက်ဆေး စတီးလ်ဘေစင်များကို ကွင်းဆင်းတပ်ဆင် ပေးလျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရ
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပဲခူးမြို့နယ်အတွင်း လက်ဆေးကန်များ(ရေ၊ ဆပ်ပြာ၊ ရေပုံး) အပါအဝင် (၅၄)စုံတပ်ဆင်ပေး
ကိုရိုနာဗိုင်းရပ် ရောဂါပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ယူနီဆက်(ဖ်)တို့ပူးပေါင်းပြီး ပဲခူးမြို့နယ်အတွင်းရှိ မြို့ပြနှင့် ကျေးလက်နေရာအချို့တွင် လက်ဆေးကန်များ(ရေ၊ ဆပ်ပြာ၊ ရေပုံး)အပါအဝင် လိုက်လံ တပ်ဆင်ပေးကြကြောင်း သိရ