မိုးနဲမြို့နယ်နှင့် ကျိုင်းတောင်မြို့အတွင်း ရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု (၇၅၆) စုအား အခြေခံစားသောက်ကုန် (၅) မျိုး ထောက်ပံ့ပေးအပ်
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်နှင့် ကျိုင်းတောင်မြို့အတွင်း ရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု (၇၅၆) စုတို့အတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် အခြေခံစားသောက်ကုန်ပစ္စည်း (၅) မျိုးကို ယနေ့ တတိယနေ့အဖြစ် လင်းခေးခရိုင် အုပ်ချုပ်ရေးမှူး ဦးနိုးဝေ ၊မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ် နှင့် ကျိုင်းတောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးနန်းဝန်းနှင့် တာဝန်ရှိသူများက ကျေးရွာများအရောက် အပြီးသတ် လိုက်လံ ထောက်ပံ့ဝေငှပေးခဲ့ကြောင်း သိရှိရ






