ကျောက်မဲမြို့တွင် COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လူမှုကူညီရေးအဖွဲ့များသို့ PPE ဝတ်စုံများပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းခြင်းနှင့် အလှူခံရရှိသည့် PPE ဝတ်စုံများကို လူမှုကူညီရေးအဖွဲ့သို့ ပေးအပ်ခဲ့သည်။
မော်လမြိုင်-ကျိုက်မရော ဟင်္သာအဝိုင်း ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်း၊ ထိန်းချုပ်ကာကွယ်ခြင်းလုပ်ငန်းများ ကြပ်မတ်ဆောင်ရွက်လျက်ရှိ
မွန်ပြည်နယ် မော်လမြိုင်မြို့အဝင် ကျိုက်မရောအဝိုင်း ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် Coronavirus Disease 2019 (COVID-19) ရောဂါစောင့်ကြပ်ကြည့်ရှု စစ်ဆေးခြင်းနှင့် ထိန်းချုပ်ကာကွယ်ခြင်း လုပ်ငန်းအား မတ် ၂၁ ရက်မှ ယနေ့ထိ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဗန်းမော်မြို့ရှိ တက္ကသိုလ်(၃)ခုမှ စာမေးပွဲဖြေဆိုမှုအား ယာယီရပ်ဆိုင်း
ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ဗန်းမော်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့မှ စာမေးပွဲဖြေဆိုနေမှုများကို မတ် ၂၄ ရက် နံနက်ပိုင်းမှစတင်၍ ယာယီရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် ကာကွယ်သစ်တောများမှ ထွက်ရှိသောထင်းများအား ဒေသခံပြည်သူများသို့ အခမဲ့ဖြန့်ဝေပေး
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဆိပ်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဉီးစီးဌာန ထိန်းသိမ်းကာကွယ် စောင့်ရှောက်ထားရှိသည့် ကာကွယ်သစ်တောများမှ ထွက်ရှိသော ထင်းများကို ဒေသခံပြည်သူများသို့ အခမဲ့ဖြန့်ဝေပေးခြင်းကို မတ် ၂၄ ရက် နံနက် ၁၀ နာရီက သပြေကာကွယ်တောနှင့် ဝန်ယူကြိုးပြင် ကာကွယ်တောတို့တွင် ပေးအပ်ခဲ့သည်။
(၂၃ဝ)ကေဗွီ ဗန်းမော်-နဘား မဟာဓာတ်အားလိုင်း တည်ဆောက်စဉ် ထိခိုက်ပျက်စီးသွားသော သီးနှံပင်၊ နှစ်ရှည်ပင်များအတွက် နစ်နာမှုလျော်ကြေး (ဒုတိယအကြိမ်) ပေးအပ်
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် (၂၃ဝ)ကေဗွီ ဗန်းမော်-နဘား မဟာဓာတ်အားလိုင်း တည်ဆောက်စဉ် ထိခိုက်ပျက်စီးသွားသော သီးနှံပင်၊ နှစ်ရှည်ပင်များအတွက် နစ်နာမှုလျော်ကြေး (ဒုတိယအကြိမ်) ပေးအပ်ပွဲကို မတ် ၂၄ ရက် နံနက် ၁ဝ နာရီက ဗန်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျိုက်မ​ရော ​မြို့​ချောင်းနှစ်ခွတံတားဂိတ်တွင် ထိုင်းနိုင်ငံမှ ပြန်လာသူများအား ကိုရိုနာဗိုင်းရပ်(စ်)​ရောဂါ ကြိုတင်ကာကွယ်​​ရေး ကျန်းမာ​ရေးစစ်​ဆေးမှုများ​ ဆောင်ရွက်
ကျိုက်မ​ရော မြို့​ချောင်းနှစ်ခွ တံတားမြို့အဝင်ဂိတ်တွင် ယ​နေ့မွန်းလွဲ ၂ နာရီက ထိုင်းနိုင်ငံမှ အလုပ်လုပ်၍​နေရပ်ပြန်လာသူများအား မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးကျော်မြင့်နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကိုရိုနာဗိုင်းရပ်(စ်)​ရောဂါ ကြိုတင်ကာကွယ်​ရေးအတွက်  ကျန်းမာ​ရေးစစ်ဆေး၍
ကမ်းလွန်လုပ်ကွက်အမှတ် A-1 တွင် တွင်းတူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါ၍ ရေကြောင်းသတိပေးချက် ထုတ်ပြန်

၂၄ မတ်