ဂျပန်နိုင်ငံအစိုးရမှ မန္တလေးမြို့တော် အမှိုက်သိမ်းစနစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အီစူဇူ အမှိုက်သိမ်းကားသုံးစီး ထောက်ပံ့ပေးအပ်မည်
ဂျပန်နိုင်ငံအစိုးရ၏ အသေးစား စီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ မန္တလေးမြို့တော် အမှိုက်သိမ်းစနစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသို့ အမေရိကန်ဒေါ်လာ (၁၈၇၅၀၀) တန်ဖိုးရှိ အီစူဇူ အမှိုက်သိမ်းကားသုံးစီး ထောက်ပံ့ပေးရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ နတ်မောက်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတွင် ကျင်းပသည်။







