ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ လူစည်ကားသည့် မြို့လယ်နာရီစင်၌ အမှတ်(၁၂၃)ယာထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူး ရဲမှူးချစ်စိန်နှင့် တပ်ဖွဲ့ဝင်များက လမ်းသွား/လမ်းလာ မိဘပြည်သူများကို Covid - 19 ကာကွယ်ရေး အသိပညာပေးလှုံ့ဆော်မှုကို ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ်ပြီး နှာခေါင်းစည်း ခုရေ (၅၀၀) ဝေငှခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်များသန့်စင်ဆေးကြောပေးခြင်း၊ ကြိုတင်ကာကွယ်ရေးအတွက် တစ်ခါသုံးလက်အိတ်များ ဝေငှခြင်းနှင့် သောက်ရေသန့်ဘူးများ ပေးဝေခြင်းတို့ကို ပြုလုပ်ခဲ့သည်။