သောက်သုံးရေ အခက်အခဲအတွက် ပရဟိတအဖွဲ့မှနေ့စဉ်ရေလှူဒါန်းလျက်ရှိ
ကျိုက်မရောမြို့နယ် အနိမ့်ပိုင်းရပ်ကွက်များရှိ အိမ်ထောင်စုများအတွက် သောက်သုံးရေ အခက်အခဲများ ရှိနေသဖြင့် ကျိုက်မရောလူငယ်ပရဟိတအဖွဲ့ခေါင်းဆောင် ဦးစောထူးလေးနှင့်အဖွဲ့ဝင်များက ရေသယ်ယာဉ်များဖြင့် ယနေ့နံနက် ၈ နာရီမှ စတင်ကာ ရေအခက်အခဲ ကြုံနေရသည့် ဒေသခံများကို အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးလျက်ရှိကြောင်း သိရ







