မယ်စဲ့ကုန်သွယ်ရေးစခန်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး စစ်ဆေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြင့်ဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် နှစ်နိုင်ငံနယ်စပ်ဂိတ် (ဘီပီ-၁၃) နှင့် (ဘီပီ-၁၄) တို့ကို မတ်၂၁ရက်မှစ၍ တရားဝင်ပိတ်ထားပြီး တရားမဝင် နယ်စပ်ဖြတ်ကျော် သွားလာမှုမရှိစေရေးနှင့် ခရီးသွားပြည်သူများ COVID-19 ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၆နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မယ်စဲ့ ကုန်သွယ်ရေးစခန်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့ကြောင်း
စစ်ကိုင်းမြို့ ဘော်ဂါကျောက်ပုတီးဝိုင်းအား ရက်အကန့်အသတ်မရှိ  ယာယီပိတ်သိမ်း
စစ်ကိုင်းမြို့၊ဒါးဝယ်ဈေးတိုက်နယ်ရှိ ဘော်ဂါ ကျောက်စိမ်းပုတီးဝိုင်းကို  ရက်အကန့်အသတ်မရှိ ယာယီ ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း  ဘော်ဂါ ကျောက်ပုတီးဝိုင်း အကျိုးတော်ဆောင်အဖွဲ့ထံမှ သိရ
ဘုတလင်မြို့တွင် နေရပ်ပြန်လာသူများနှင့် ခရီးသွားကားများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင် ကာကွယ်ရေး ကျန်းမာရေးစစ်ဆေး၍ အသိပညာပေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ မြို့လယ်ကားဂိတ်တွင် ယနေ့နံနက် (၉)နာရီက နေရပ်ပြန် လာသူများနှင့် ခရီးသွားမော်တော်ယာဉ်များအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးကျော်မိုးလွင်နှင့် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရ
မော်လူးတိုက်နယ်ဆေးရုံသို့  Covid-19 ရောဂါ ကာကွယ်ရေးအတွက် PPE ဝတ်စုံ(၁၅)စုံ နှင့် အလှူငွေများလှူဒါန်း
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့ တိုက်နယ်ပြည်သူ့ဆေးရုံတွင်  မတ် ၂၅ရက် နံနက် ၉ နာရီခွဲက Covid-19 ကာကွယ်ရန်နှင့် ကျန်းမာရေးအထောက်အကူပြု လုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် PPE ဝတ်စုံ (၁၅)စုံနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြ
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးအသိပညာပေးနှိုးဆော်ချက်များ
ရိခေါ်ဒါရ်၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အလွယ်တကူ လက်ဆေးကြော နိုင်ရန် အများနှင့်ဆိုင်သော အထင်ကရနေများ၌ လက်ဆေးကန်များ တပ်ဆင်ပေး
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ရှိ ရပ်ကွက်ပြည်သူများ ကိုရိုနာဗိုင်းရပ်စ် Covid-19 ရောဂါ ကြိုတင်ကာကွယ် ရေးအတွက် အလွယ်တကူ လက်ဆေးကြောနိုင်ရန် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးနှင့် အခြားဌာနဆိုင်ရာရုံးများ၊  ရပ်ကွက်အတွင်းရှိ လမ်းဆုံလမ်းခွများ၊ အထင်ကရ နေရာများတွင် မတ် ၂၄ ရက်က အများသုံးလက်ဆေးကန်များနှင့် လက်ဆေးကြောခြင်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ တပ်ဆင်ထားရှိပေးခဲ့ကြောင်း သိရ
မိုးကောင်းမြို့၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်မည်
ကချင်ပြည်နယ် မိုးကောင်းမြို့၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် မတ် ၂၄ ရက် မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် မိုးကောင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့များနှင့် ညှိနှိုင်းအစည်းအဝေးကျင်းပ