ကူးဆက်ရောဂါ ထိန်းချုပ်ကုသရေးဌာနများအဖြစ် အသုံးပြုနိုင်ရန် ရွေးချယ်ထားသည့် အဆောက်အဦများတွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်အဖြစ် လိုအပ်လာပါက ရောဂါထိန်းချုပ် ကုသရေးဌာနများအဖြစ် ပြောင်းလဲအသုံးပြုနိုင်ရန် ရွေးချယ်ထားသည့် အဆောက်အဦများအား မတ် ၂၅ ရက် နံနက် ၁၁ နာရီက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ချင်းပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှ ပြည်သူများအား COVID-19 ရောဂါ အသိပညာပေးလက်ကမ်း စာစောင်များနှင့် Mask N-95 အမျိုးအစား(၂၆၀)ကျော် အခမဲ့ဖြန့်ဝေ

ကျွန်းစုမြို့ ပြည်သူ့ဆေးရုံအတွက် PPE ဝတ်စုံ အစုံ(၃၀) လာရောက် ပေးအပ်လှူဒါန်း
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ စေတနာရှင်၊ အလှူရှင်များမှ စုပေါင်း၍ မတ်လ(၂၅)ရက် နံနက်(၉)နာရီက ပြည်သူ့ဆေးရုံအတွက် PPE(Personal Protective Equiments) ဝတ်စုံ အစုံ(၃၀)ကို ကျန်းမာရေးဦးစီးဌာနရုံး၌  လာရောက်လှူဒါန်းခဲ့ကြောင်း
ညောင်တုန်းမြို့တွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့် အသိပညာပေး ဆောင်ရွက်
ညောင်တုန်းမြို့နယ် ကိုရိုနာဗိုင်းရပ်စ်(COVID-19) ရောဂါ ကြိုတင်ကာကွယ်ရေးကော်မတီက ဉီးဆောင်၍ ကိုရိုနာဗိုင်းရပ်စ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မတ်လ(၂၅)ရက်နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်အသီးသီးနှင့် မဲဇလီ၊ ဆားမလောက်နှင့် တာကွေကျေးရွာများသို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိသည်၊၊
ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာနမှ အထပ်မြင့်အဆောက်အဦများတွင် မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းများ ဇာတ်တိုက်သရုပ်ပြဆောင်ရွက်

Covid 19 ကူးစက်ရောဂါ သတင်းရယူရာတွင် သတင်းသမားများ ဘေးအန္တရာယ်ကင်းရေးလမ်းညွှန်ချက်

၂၅ မတ် 

ကျောင်းကုန်းမြို့တွင် မိုးရာသီရေကြီးနစ်မြုပ်မှု လျော့ပါးစေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေး သောင်တူးခြင်းလုပ်ငန်း စတင်ဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် သစ်ဆိမ့်ကုန်းအုပ်စု ချောင်းသုံးခွတွင် အိမ်မဲချောင်း ရေစီးရေလာကောင်းမွန်စေရေး သောင်တူးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက လုပ်ဆောင်လျက်ရှိရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ သွားရောက်ကြည့်ရှု ခဲ့ကြ