Coronavirus Disease 2019 (COVID - 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေများ လာရောက်လှူဒါန်း

Coronavirus Disease 2019 (COVID - 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့  မြန်မာ့ရိုးရာ သနပ်ဖက်လိပ်လုပ်ငန်းရှင်များအသင်းမှ လှူဒါန်းသည့် ငွေကျပ်သိန်း (၃၅၀)နှင့် မန်းအောင်ငြိမ်းဖောင်ဒေးရှင်းမှ လှူဒါန်းသည့် ငွေကျပ်သိန်း (၅၀)တို့ကို ယနေ့မွန်းလွဲပိုင်းတွင် လာရောက်လှူဒါန်းရာ
မြဝတီမြို့ မြန်မာ-ထိုင်း နယ်စပ်ချစ်ကြည်ရေးတံတား ၂ မှ မြန်မာနိုင်ငံသားများ ဆက်လက်ဝင်ရောက်ဆဲဖြစ်
ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ပြန့်ပွားမှုကြောင့် ကုန်စည်စီးဆင်းမှုသာ အသုံးပြုသည့် မြဝတီမြို့ရှိ ထိုင်း-မြန်မာ အမှတ်(၂) ချစ်ကြည်ရေးတံတားမှ ရွှေ့ပြောင်းမြန်မာနိုင်ငံသားများအား ဝင်ခွင့်ပြုပေးလျက်ရှိရာ ယနေ့ မတ် ၂၅ ရက်တွင်လည်း ဆက်လက်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၂၅-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

 

သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ စက်ရုံ(၈၀) ကျော် ပုံမှန်အတိုင်း လည်ပတ်လျက်ရှိ
COVID-19 ရောဂါကြောင့် သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ စက်ရုံများ ပိတ်ထားခြင်းမရှိသလို စက်ရုံများအားလုံး ပုံမှန်လည်ပတ်လျက်ရှိပြီး အလုပ်သမား၊ ဝန်ထမ်းများလည်း ပုံမှန်သွားလာလုပ်ကိုင်လျက်ရှိကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒေါက်တာသန်းသန်းသွယ်ထံမှ သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ၁၀ / ၂၀၂၀

Crd > Myanmar President Office

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေး
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19)ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ယနေ့ မွန်းလွဲ ၃ နာရီက မရမ်းချောင်လမ်းဆုံ အဝေးပြေးလမ်း၌ ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။