မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကောင်းညိုကျေးရွာနှင့် ကန်နီကြီးတဲတိုက်ရှိ ဒေသခံကျေးလက်နေပြည်သူများ သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသဖြင့် မတ် ၂၆ ရက် ၊ နံနက် ၉ နာရီခွဲက ညောင်ဦးမြို့နယ် ဖြူစင်မေတ္တာပရဟိတ ရေလှူအသင်းနှင့် သုမင်္ဂလာ ပရဟိတရေလှူအသင်းတို့ ပူးပေါင်းအဖွဲ့က ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။