မြန်မာ-ထိုင်းနယ်စပ် ကော့သောင်းမြို့တွင် COVID-19 ကူးစက်ရောဂါ အန္တရာယ်တားဆီးကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
ယနေ့ကမ္ဘာ့နိုင်ငံတစ်ချို့တွင် ဖြစ်ပေါ်လျက်ရှိသည့် COVID-19 ကူးစက်ရောဂါ မြန်မာနိုင်ငံ ဒေသအသီးသီးသို့ ဝင်ရောက်ကူးစက်ပျံ့ပွားမှုမရှိစေရေး အမျိုးသားရေးအသွင်သဏ္ဍန်ဖြင့် ဆောင်ရွက်လျက်ရှိရာ မြန်မာ-ထိုင်းနယ်စပ် အဝင်/အထွက်ဂိတ် ရှိသည့် မြန်မာနိုင်ငံကော့သောင်းမြို့ တွင် တာဝန်ရှိအဖွဲ့အစည်းများက တားဆီးကာကွယ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။








