ကောလင်းမြို့နယ် ငါးကြီးအိုင်ကျေးရွာတွင် နွေရာသီသောက်သုံးရေဖူလုံစေရေး စက်ရေတွင်း တူးဖော်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ခရိုင်ဦးစီးမှူး ဦးကျော်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်၁၀နာရီက ကောလင်းမြို့နယ် ငါးကြီးအိုင် ကျေးရွာတွင် ရေရရှိရေးလုပ်ငန်း လေးလက်မစက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် COVID 19 နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားမှုအား ကြည့်ရှုစစ်ဆေး 
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ရွှေဘိုခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌများနှင့်အတူ ယနေ့ နံနက် ၉ နာရီက ရွှေဘိုမြို့၌ COVID 19 ရောဂါနှင့် ပတ်သက်၍ အဖက်ဖက်မှ ကြိုတင်ပြင်ဆင်ထားမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။
မီးဘေးသင့် အိမ်ထောင်စုအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်း
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ ဝှေဆန်ကျေးရွာတွင် မတ် ၂၅ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်လျက်ရှိ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူ များ၏ လယ်ယာ ထုတ်ကုန်၊ ထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင် စေရန်နှင့် လယ်ယာသုံးစက်ပစ္စည်းများ လွယ်ကူလျင်မြန်စွာ သွားလာနိုင်စေရန်ရည်ရွယ်၍ ဖောက်လုပ်လျက်ရှိသော ရွံ့အင်းကျေးရွာ၊ စမ်းကြီးကုန်းကျေးရွာနှင့် မြို့ချောင်းကျေးရွာများတွင် ကျေးလက်ကုန်ထုတ်လမ်း၊ တံတားဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေများ ကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ပြည်နယ်အတွင်း ဝင်ရောက်လာသူများကို နေ့စဉ်  စောင့်ကြည့်၍ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်သွားမည်
အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြင်းထန်အဆုတ်ရောင်ရောဂါ (COVID-19) ကို ကချင်ပြည် နယ်အတွင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပြည်နယ်အတွင်း ဝင်ရောက်လာသူများကို နေ့စဉ် စောင့်ကြည့်၍  ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ် ၂၆ ရက် မွန်းလွဲ ၃ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည့် ကချင်ပြည်နယ်အစိုးရ အဖွဲ့နှင့် ဌာနဆိုင်ရာများ၏ (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းပြည်နယ် အဆင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မှာကြားသည်။
ကိုရီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများအား Quarantine (၁၄) ရက်  စောင့်ကြည့်ရန် ဓမ္မရံသီမိုးကုတ် ရိပ်သာကျောင်းတိုက်သို့ ပို့ဆောင်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊   ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး တိုးဂိတ်အနီးရှိ  ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်သို့ ကိုရီးယားနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား Quarantine(၁၄)ရက်  စောင့်ကြည့်ရန် မတ် ၂၇ ရက် နံနက် ၄ နာရီ ၃၃ မိနစ်က ပို့ဆောင်ထားရှိကြောင်း သိရသည်။
မန္တလေးမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူနှင့် အတူပြန်လာသူအား ရှာဖွေလျက်ရှိ 
မန္တလေးမြို့မှ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူသည် ရန်ကုန်မြို့မှ ပြန်လာစဉ် အခြားလူတစ်ယောက် ပါရှိသည်ဟု သိရသည့်အတွက် ၎င်းအား ထပ်မံရှာဖွေနေသည်ဟု မန္တလေးမြို့ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက ပြောသည်။