City mart Holding Co., ltd သည် မတ် ၂၅ ရက်နေ့တွင် “ဈေးဝယ်သူ မိဘပြည်သူများအားလုံးအတွက် နေ့စဉ်မရှိမဖြစ်လိုအပ်သော လူသုံးကုန်ပစ္စည်းများနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ ပြတ်လပ်မှုမရှိစေဖို့နဲ့ မျှမျှတတ ဝယ်ယူနိုင်စေဖို့ ဝယ်ယူနိုင်မယ့် အရေအတွက်ကို ကန့်သတ်ထားပါတယ်ရှင်။ အားလုံးနားလည်ပေးပြီး ပူးပေါင်းပါဝင် ပေးကြမယ်လို့လည်း မျှော်လင့်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်ရှင်” ဟူသည့် စာသားကို ၎င်းတို့ Facebook စာမျက်နှာနှင့် City Mart (စီးတီးမတ်) ဆိုင်ခွဲများတွင် ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။