ပေါက်ချောင်းကျေးရွာမှ မီးဘေးသင့်ပြည်သူများအား မြို့နယ်ကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်

ဆောမြို့နယ် တင့်တူကျေးရွာအုပ်စု ပေါက်ချောင်းကျေးရွာတွင် မတ် ၂၁ ရက် ညနေ ၄ နာရီခွဲခန့်က တောမီးမှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် မီးဘေးသင့်ခဲ့ရသော  အိမ်ထောင်စု (၁၈)စုအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းများကို ယမန်နေ့ ညနေ ၃ နာရီက ဆောမြို့နယ် ကြက်ခြေနီ အသင်းခွဲဉက္ကဋ္ဌ ဦးချစ်သန်းနှင့် တာဝန်ရှိသူများက လက်ဝယ်အရောက် ပေးအပ်ခဲ့
COVID-19 ကြိုတင်ကာကွယ်ရေးအတွက် ချောင်းဝကျေးရွာ ရေယာဉ်ဆိပ်ကမ်းတွင် ကျန်းမာရေး စစ်ဆေးမှုများ စတင်ဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ ချောင်းဝကျေးရွာ ရေယာဉ်များ ဆိပ်ကပ်ပြေးဆွဲသည့် ဆိပ်ကမ်းတွင် မတ်လ ၂၇ရက်နေ့ ညနေ ၅နာရီက ချောင်းဝကျေးရွာအုပ်စု၊ ပြင်ခရိုင်ကျေးရွာအုပ်စုနှင့် ဝါးကုန်းကျေးရွာ အုပ်စုများရှိ အုပ်ချုပ်ရေးမှူများနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ ပညာရေးဌာနဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ဒေသခံများပါဝင်သည့် ပူးပေါင်းအဖွဲ့က ခရီးသွားပြည်သူများကို COVID-19 ကြိုတင်ကာကွယ်ရေးအတွက် ဒစ်ဂျစ်တယ် တာမိုမီတာအသုံးပြု၍ ကျန်းမာရေးစစ်ဆေးမှုများကို စတင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရ
ငါးမွေးကန်များ အပူချိန် ပြင်းထန် လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး နှိုးဆော်
အခွန်ထမ်းမှတ်ပုံတင်စနစ်နှင့် သတင်းအချက်အလက် တောင်းခံလွှာပုံစံများအား e-mail ဖြင့် ပေးပို့နိုင်ကြောင်း အသိပေးကြေညာ
COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် COVID -19 ကူးစက် ရောဂါနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေးစီမံချက်ကို ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းများနှင့် ဆွေးနွေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေး စီမံချက်နှင့်စပ်လျဉ်းပြီး ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် အင်တာနက်ကွန်ရက် Video Conferencing ဖြင့် ယနေ့နံနက်ပိုင်းက ညှိနှိုင်းဆွေးနွေးကြသည်။
ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ ပြည်သူများကို COVID-19 ကူးစက်မြန်ကပ်ရောဂါနှင့် ပတ်သက်၍ လိုက်နာပူးပေါင်းဆောင်ရွက်ရမည့် အချက်များကို အသိပညာပေးခြင်းများ ကျယ်ပြန့်စွာပူးပေါင်းဆောင်ရွက်

နေပြည်တော်  ၂၇ မတ်