COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် ကယားပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့ ရွာသစ်မြို့တွင် ကွင်းဆင်းစစ်ဆေး
ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါနှင့်ပတ်သက်၍ ကယားပြည်နယ်အတွင်း ကူးစက်ပျံ့နှံ့မှုမရှိစေရေးနှင့် ထိရောက်စွာကြိုတင် ဆောင်ရွက်နိုင်ရန်အတွက် ရွာသစ်မြို့ သံလွင်မြစ်ကမ်း စွပ်ပိုင်ရှိ အိမ်နီးချင်းထိုင်းနိုင်ငံနှင့် နယ်နိမိတ် ထိစပ်လျက်ရှိသော BP(10) ဝင်ပေါက်မှလာနိုင်သဖြင့် ဝင်ရောက်လာသော ပြည်သူများအား စောင့်ကြည့်ပြီး ကျန်းမာရေးစစ်ဆေးဆောင်ရွက်မှု အခြေအနေများကို ယမန်နေ့နံနက်ပိုင်းက ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့က အဆိုပါနေရာများတွင် လိုက်လံ ကွင်းဆင်း စစ်ဆေးခဲ့သည်။








