COVID-19 ရောဂါအား ကြိုတင်ကာကွယ်သည့်အနေဖြင့် ပြင်ဦးလွင်မြို့မဈေးကြီးကို မွန်းလွဲ ၃ နာရီအထိသာ ဖွင့်လှစ်မည်
လတ်တလောဖြစ်ပွားနေသည့် COVID-19 ရောဂါအား ကူးစက်ပြန့်ပွားခြင်းမရှိစေရေးနှင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် ပြင်ဦးလွင်မြို့ စည်ပင်သာယာမြို့မဈေးကြီးအား နေ့စဉ် မွန်းလွဲ ၃ နာရီအထိသာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ရောဂါကာကွယ်ရေး ပိုးသတ်ဆေးများ ပက်ဖျန်းသွားမည်ဖြစ်ကြောင်း ဈေးကော်မတီအဖွဲ့ထံမှ သိရသည်။







