နမ့်ခမ်းမြို့ရှိ ရွှေလီကူး ကူးတို့ဆိပ်ဖြစ်သော မန့်ဟောင်းကူးတို့ဆိပ်နှင့် နောင်တိန်းကူးတို့ဆိပ်တို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံ ဆက်သွယ်ထားသည့်လမ်းပေါ်ရှိ ရွှေလီကူး ကူးတို့ဆိပ်ဖြစ်သော မန့်ဟောင်းကူးတို့ဆိပ်နှင့် နောင်တိန်းကူးတို့ဆိပ်တို့၌ (Covid-19) ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခရီးသွားပြည်သူများ အသုံးပြုသည့် ကုန်တင်ယာဉ်များ၊ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များတို့ကို ပိုးသတ်ဆေးဖျန်းခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာ၍ စောင့်ကြပ်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိ







