ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်  အလှူငွေများပေးအပ်

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေ ပေးအပ်လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက မြို့နယ် ပြည်သူ့ဆေးရုံ၌ ပြုလုပ်ခဲ့သည်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း  ပြည်ပမှပြန်လည်ရောက်ရှိလာသူများအား အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုမည့် နေရာများကိုစစ်ဆေး
Covid-19 ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေး၊ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်ပမှ ပြန်လည်ရောက်ရှိလာမည့်သူများအား စောင့်ကြပ်ကြည့်ရှုထားရှိမည့် လှည်းကူးမြို့နယ် အတွင်းရှိနေရာများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများက ယနေ့ နံနက် ၈ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
မန္တလေးမြို့မှ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိသူနှင့် အတူပြန်လာသည့် နောက်ထပ်တစ်ယောက် သက်ဆိုင်ရာကို ဆက်သွယ်

နေပြည်တော်ကောင်စီ ဉက္ကဋ္ဌ ဒေါက်တာမျိုးအောင် Coronavirus Disease 2019 (COVID-19)ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးတွေ့ဆုံပွဲ တက်ရောက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် Coronavirus Disease 2019 (COVID-19)ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးတွေ့ဆုံပွဲကို ယနေ့ နံနက် ၁၀ နာရီက ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာနာ့ဗိမာန်တော်၌ ကျင်းပကြောင်း သိရသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ကျိုက်မရောမြို့ပြည်သူ့ဆေးရုံအား ကြည့်ရှုစစ်ဆေး
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် ကျိုက်မရော မြို့နယ်ပြည်သူ့ဆေးရုံသို့ ယနေ့နံနက်  ၁၀နာရီ  ကရောက်ရှိကာ ကျိုက်မရောမြို့နယ်၏ COVID - 19 ရောဂါ နှင့်ပတ်သက်၍ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လျက်ရှိသော အလုပ်သမားများ၏ ကျန်းမာရေးအခြေအနေများ၊ ဆေးရုံနှင့် အခြားကျန်းမာရေး ဌာနများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ကိုယ့်အသိစိတ်ဓါတ်ဖြင့် သတင်းပေးပိုမှု အခြေအနေများကို သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီများအား တွေ့ဆုံမေးမြန်း၍ လိုအပ်ချက်များအား သက်ဆိုင်ရာဌာနအကြီးအကဲများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ 
ကောလင်းမြို့နယ် ငါးကြီးအိုင်ကျေးရွာတွင် နွေရာသီသောက်သုံးရေဖူလုံစေရေး စက်ရေတွင်း တူးဖော်ပြီးစီး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ခရိုင်ဦးစီးမှူး ဦးကျော်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်၁၀နာရီက ကောလင်းမြို့နယ် ငါးကြီးအိုင် ကျေးရွာတွင် ရေရရှိရေးလုပ်ငန်း လေးလက်မစက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် COVID 19 နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားမှုအား ကြည့်ရှုစစ်ဆေး 
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ရွှေဘိုခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌများနှင့်အတူ ယနေ့ နံနက် ၉ နာရီက ရွှေဘိုမြို့၌ COVID 19 ရောဂါနှင့် ပတ်သက်၍ အဖက်ဖက်မှ ကြိုတင်ပြင်ဆင်ထားမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။