အင်းစိန်မြို့နယ်တွင် ပြည်ပမှပြန်ရောက်လာသူတို့အား အုပ်ချုပ်ရေးအဖွဲ့မှ စာရင်းကောက်ယူလျက်ရှိပြီး ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ထားသူ အခြေအနေကောင်းမွန်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်တွင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူတို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က နေအိမ်များတွင် စာရင်းကောက်ယူလျက်ရှိပြီး တောင်သူကုန်းရပ်ကွက်မှ ရောဂါပိုးတွေ့ရှိသူတစ်ဦးကို မတ် ၂၄ ရက်က ဝေဘာဂီအထူးကုဆေးရုံသို့ ပို့ဆောင်ထားရာ ယနေ့နံနက်တွင် အခြေအနေကောင်းမွန်လျက်ရှိကြောင်း








