မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းသို့ စာအုပ်များလှူဒါန်း

(၇၅)နှစ်မြောက် စိန်ရတု တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းသို့ စာအုပ်စာစောင်များ လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက အဆိုပါ ဖောင်ဒေးရှင်း၌  ကျင်းပသည်။
အိမ်မဲမြို့နယ် ပြည်သူ့ဆေးရုံသို့ အောက်စီဂျင်အိုးများ လာရောက်လှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ပြည်သူ့ဆေးရုံသို စေတနာရှင်အလှူရှင်များက မတ် ၂၅ ရက် နံနက် ၉ နာရီက အောက်စီဂျင်အိုးများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၌ COVID-19 ရောဂါနှင့်ပတ်သက်၍ ထိန်းချုပ်ကုသရေးဌာနများအဖြစ် ယာယီနေရာများ ပြင်ဆင်ထားမှုကို တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
COVID-19 ရောဂါနှင့်ပတ်သက်၍ ထိန်းချုပ်ကုသရေးဌာနများအဖြစ် ယာယီနေရာ ပြင်ဆင်နေသည့် ပခုက္ကူမြို့အမှတ်(၁)ရပ်ကွက်၊ လေယာဉ်ကွင်းဟောင်းရှိ ကျန်းမာရေးဝန်ထမ်းအိမ်ရာသို့ မတ် ၂၅ ရက် နံနက် ၁၀ နာရီက ခရိုင်နှင့်မြို့နယ် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးသည်။
ဘားအံစက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်ထားရှိမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-လှိုင်းဘွဲ ကားလမ်းမကြီးဘေး ဘားအံစက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံများတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် တရားဝင်မြန်မာအလုပ်သမားများကို စနစ်တစ်ကျ ပြန်လည်စိစစ်လက်ခံ
မြန်မာ-ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့ မြန်-ထိုင်း ချစ်ကြည်ရေးတံတား(၁)တွင် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာအလုပ်သမားများမှ မိမိဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာသူများကို မတ် ၂၅ ရက်တွင် စနစ်တစ်ကျ ပြန်လည်လက်ခံလျက်ရှိသည်။
COVID-19 ရောဂါကာကွယ်ရေး အများပြည်သူအဝင်အထွက်များသည့် မြို့မစည်ပင်သာယာစျေး ဝင်ပေါက်များတွင် လက်ဆေးဘေစင်များ ထားရှိပေး
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့တွင် မြို့မစည်ပင်သာယာစျေးတွင် အများပြည်သူ အဝင်အထွက်များသည့် ဝင်ပေါက်များဖြစ်သည့် စျေးအရှေ့ဘက်ပေါက်နှင့် စျေးအနောက်ဘက်ပေါက်များတွင် COVID-19 ရောဂါကာကွယ်ရေး လက်ဆေးဘေစင်များ ထားရှိပေးခြင်းကို ယနေ့ နံနက် ၇ နာရီခန့်က ဆောင်ရွက်ပေးခဲ့သည်။
ကူးဆက်ရောဂါ ထိန်းချုပ်ကုသရေးဌာနများအဖြစ် အသုံးပြုနိုင်ရန် ရွေးချယ်ထားသည့် အဆောက်အဦများတွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် ကွင်းဆင်းစစ်ဆေး
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်အဖြစ် လိုအပ်လာပါက ရောဂါထိန်းချုပ် ကုသရေးဌာနများအဖြစ် ပြောင်းလဲအသုံးပြုနိုင်ရန် ရွေးချယ်ထားသည့် အဆောက်အဦများအား မတ် ၂၅ ရက် နံနက် ၁၁ နာရီက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။